ချယ်လ်ဆီး - ဘရိုက်တန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ချယ်လ်ဆီးအသင်းက နည်းပြသစ် ပိုချက်တီနိုလက်ထဲ မှာ ဒီရာသီမှာ ပြိုင်ပွဲစုံ(၇)ပွဲ ကစားခဲ့ပြီးပြီ။ လူတန်၊ ဝင်ဘယ်လ် ဒန်တို့လိုအသင်းတွေကိုသာ နိုင်ခဲ့ပြီး နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ကာ သွင်းဂိုးပါ ပျောက်ဆုံးရတဲ့အထိ အခြေအနေ ဆိုးလာတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရမယ့် အခုရာ သီမှာ လိဂ်ဖလားကပါ စောစောစီးစီးထွက်ရရင် နည်းပြ ပိုချက် တီနိုရဲ့အနာဂတ်လည်း အတော်စိုးရိမ်စရာဖြစ်သွားလောက် တယ်။ ဘရိုက်တန်အသင်းရဲ့စုဖွဲ့မှုက ချယ်လ်ဆီးကို ဒုက္ခပေး နိုင်မှာ သေချာပေမဲ့ အာရုံစိုက်ကစားမလား မသေချာပါဘူး။ ချယ်လ်ဆီးဘက်ကပဲ ရပ်တည်ချင်တယ်။
လီဗာပူးလ် - လက်စတာ (ကြာသပတေးနံနက် ၁း၁၅ နာရီ)
လက်စတာအနေနဲ့ အခြေအနေကောင်းနေတဲ့ ပရီးမီး ယားလိဂ်တန်းပြန်တက်ခွင့်ကို အာရုံစိုက်မှာပါ။ လီဗာပူးလ် လူမ စုံနိုင်ပေမဲ့ ဂိုးပြတ်ဖို့များတယ်။
နယူးကာဆယ် - မန်စီးတီး (ကြာသပတေးနံနက် ၁း၁၅ နာရီ)
မန်စီးတီးအသင်း ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ(၈)ပွဲဆက် အနိုင်ကစားထားခဲ့ တယ်။ ဒါပေမဲ့ အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေလို့ နည်းပြ ဂွါဒီယိုလာအတွက အပြောင်းအလဲ သိပ်လုပ်လို့မရတဲ့ အခြေ အနေဖြစ်နေတယ်။ နယူးကာဆယ်အသင်းက သာမန်အချိန်မှာတောင် လိဂ်ဖလားကို အာရုံမထားတဲ့အသင်းပါ။ အခုလို ချန်ပီ ယံလိဂ်အပါအဝင် စစ်မျက်နှာသုံးခု ဖွင့်ထားနေရလို့ အက်ဒီဟောင်းအနေနဲ့ လိဂ်ဖလားကိုတော့ စောစောစီးစီး လက်လွှတ်ခံဖို့ များပါတယ်။ နောက်ဆုံးတွေ့ဆုံမှု(၁၀)ပွဲမှာလည်း မန်စီးတီးအသင်း ရှုံးပွဲမရှိခဲ့ဘဲ (၈)ပွဲအထိ အနိုင်ကစားပြီး (၂)ပွဲသာ သရေကျ ခဲ့တယ်။ ဂွါဒီယိုလာအနေနဲ့ အခုပွဲမှာတော့ ဟော်လန်း အပါအဝင် အဓိကကစားသမားတချို့ကို အနားပေးဖို့ရှိတယ်။ အဝေး ကွင်းဖြစ်ပေမဲ့ မန်စီးတီးကိုပဲ ရွေးချယ်ချင်တယ်။
ဘရန့်ဖို့ဒ် - အာဆင်နယ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
အာဆင်နယ်အသင်းအဖို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ(၂)ခုကိုပဲ အဓိကအာရုံစိုက်လိမ့်မယ်။ အစဉ်အလာအရ လည်း ဘရန့်ဖို့ဒ်က အိမ်ကွင်းမှာ အာဆင်နယ်ကို ဒုက္ခပေးတတ် လို့ အိမ်ရှင်နဲ့ စွန့်စားချင်တယ်။
အက်စတွန်ဗီလာ - အဲဗာတန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဗီလာက အဲဗာတန်ကို (၅)ပွဲဆက် အနိုင်ကစားခဲ့ပြီး (၉) ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဒီပွဲလည်း ဗီလာ ထပ်အနိုင်ယူဦးမယ် ထင်တယ်။
ဖူလ်ဟမ် - နောဝစ်ချ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
နောဝစ်ချ်အသင်း လိဂ်ချန်ပီယံရှစ်မှာ နောက်ပိုင်း ရလဒ် တွေ ကျဆင်းလာတယ်။ အိမ်ကွင်းမှာတော့ ဖူလ်ဟမ် အနိုင်က စားလိမ့်မယ်။
အခြားပွဲစဉ်များ
ဘုန်းမောက် - စတုတ်စီးတီး (ကြာသပတေးနံနက် ၁း၁၅ နာရီ)
လင်ကွန်း - ဝက်စ်ဟမ်း (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဘလက်ဘန်း - ကာဒစ်ဖ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
