လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က လာမည့်ရာသီတွင် လာလီဂါပြိုင်ပွဲသို့ ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာရန် အခွင့်အရေး (၇၀)မှ (၈၀)ရာခိုင်နှုန်းအထိ ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
PSG တိုက်စစ်မှူး ဘာပေ(၂၄ နှစ်)သည် ရီးယဲလ်အသင်းနှင့် အပြောင်းအရွှေ့သတင်းများ အကြိမ်ကြိမ်ထွက်ပေါ် ခဲ့ဖူးသူဖြစ်ပြီး ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်၏ ပစ်မှတ်ကစားသမားလည်းဖြစ်သည်။ ဘာပေသည် PSG အသင်းနှင့် ၂၀၂၄ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအချိန်၌ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း မီဒီယာများစွာက သုံးသပ်ထားသည်။
ရီးယဲလ်အသင်းသည် ၀ါရင့်တိုက်စစ်မှူး ဘန်ဇီမာကို ယခုရာသီတွင် ဆုံးရှုံးခဲ့ရသည့်အတွက် ဘာပေကို အမြန်ဆုံးခေါ်ယူနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ ယင်းအခြေအနေတွင် စပိန်ရုပ်သံ Movistar Plus+ နှင့် ပြုလုပ် သည့် အင်တာဗျူးအစီအစဉ်၌ လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခိုင်အမာ ပြောနိုင်တာလားဆိုရင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာဖြစ်တာတော့ သေချာပါတယ်။ ကျွန်တော် ထင်တာကတော့ လာမယ့်ရာသီမှာ သူ လာလီဂါကို ရောက်ရှိလာဖို့က အခွင့်အရေး (၇၀) ကနေ (၈၀)ရာခိုင်နှုန်းလောက် ရှိပါတယ်" ဟု တီဘက်စ်က ပြောကြားခဲ့သည်။
ဘာပေကိုခေါ်ယူလိုသည့် အသင်းများစွာရှိနေသော်လည်း ၎င်းကိုယ်တိုင်က အိပ်မက်အသင်းဖြစ်သည့် ရီးယဲလ်ကိုသာ အနာဂတ်အသင်းအဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။ စပိန်သတင်းစာ Marca ကလည်း ရီးယဲလ်အသင်းသည် လာမည့်ရာသီ၌ လက်ရှိနည်းပြ အန်ဆယ်လော့တီ၏ နေရာတွင် လက်ရှိ လေဗာကူဆင်နည်းပြ အလွန်ဆိုကို အစား ထိုးခန့်အပ်ရန် ရွေးချယ်ထားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အလွန်ဆို(၄၁ နှစ်)သည် ရီးယဲလ်ယူ-၁၄ အသင်း၏နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ယခုရာသီတွင် လေဗာကူဆင်အသင်းကို အကောင်းဆုံးဦးဆောင်လျက်ရှိသည်။ ထို့ကြောင့် ရီးယဲလ်အသင်းက လေဗာကူဆင်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် အလွန်ဆိုကို လျော်ကြေးပေး၍ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
