တခြားလိဂ်တွေထက် ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းအတွက် ဘယ်အရာက ပိုခက်ခဲနိုင်ဦးမှာလဲ။ ဂွါဒီယိုလာက ဖလားသုံးလုံးအောင်ပွဲ ထပ်ရဖို့ မလွယ်ဘူးလို့ ပြောခဲ့ဖူးပေမဲ့ အခုအချိန်အထိ မန်စီးတီးအသင်းက ထူးထူးခြားခြားလုပ်မပြရသေးဘူးလို့လည်း ဆိုထားပါတယ်။ ဒါဟာ ဖလားသုံးလုံး အောင်ပွဲက သာမန်ပါပဲလို့ ဆိုလိုတာလား။ သူ့ ခေတ်သူ့အခါအရ အကောင်းဆုံးဖြစ်ခဲ့ဖူးကြတဲ့ မန်ယူလည်း မရယူနိုင်ခဲဲ့တဲ့၊ ဘာစီလိုနာလည်း မရယူနိုင်ခဲ့တဲ့၊ ဘိုင်ယန်မြူးနစ်လည်း မရယူနိုင်ခဲ့တဲ့ ဖလားသုံးလုံးချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မှ ထူးခြားတဲ့စွမ်းဆောင်မှုအဖြစ် ဂွါဒီယိုလာက သတ်မှတ်ချင်တာလား။ ဒါမှမဟုတ် ဆဲလ်တစ်လို ဖလားလေးလုံးအောင်ပွဲ ရယူချင်နေတာလား။ တကယ်တော့ လိဂ်ဖလားဆိုတာက အင်္ဂလန်မှာ တန်ဖိုးအနိမ့်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ တခြားပြိုင်ပွဲတွေကို ဦးစားပေးတဲ့အခါ လွတ်ကျသွားခဲ့တဲ့ တစ်နည်းအားဖြင့် လွှတ်ချထားခဲ့တဲ့ ဖလားတစ်လုံးလို့ ဆိုရမှာပါ။ ဂွါဒီယိုလာသာ အလိုရှိခဲ့ရင် လိဂ်ဖလားက ဘာကြောင့် မရနိုင်ရမှာလဲ။ ဖလားလေးလုံး အောင်ပွဲကရော ဘာကြောင့် မရနိုင်ရမှာလဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
