အင်တာမိုင်ယာမီအသင်း၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော နာမည်ကျော်တိုက်စစ်မှူး မက်ဆီသည် ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် US Open Cup ဗိုလ်လုပွဲကိုလည်း ဒဏ်ရာပြဿနာကြောင့်
လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
မက်ဆီသည် လက်ရှိအချိန်တွင် ဒဏ်ရာဟောင်း ပြန်လည်နာကျင်သည့် ပြဿနာနှင့် ရင်ဆိုင်နေရသောကြောင့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အော်လန်ဒိုစီးတီးအသင်းနှင့် မေဂျာလိဂ်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရသည်။
အဆိုပါပွဲမှာ (၁-၁) ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပြီး မက်ဆီသာမက ဘာစီလိုနာအသင်းဖော်ဟောင်းများဖြစ်သော အယ်လ်ဘာနှင့် ဘူးစကွက်စ်တို့လည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။
၎င်းတို့သည် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့် အင်တာမိုင်ယာမီအသင်းကို မက်ဆီနှင့်အတူ ပြန်လည်ဆွဲတင်ပေးခဲ့သူများဖြစ်ပြီး အယ်လ်ဘာက ကြွက်သားဒဏ်ရာ၊ ဘူးစကွက်စ်က ဦးခေါင်းကိုက်ခဲမှုတို့ကြောင့် အော်လန်ဒိုနှင့်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်တာမိုင်ယာမီအသင်းသည် စက်တင်ဘာ(၂၇)ရက်နေ့၌ US Open Cup ဗိုလ်လုပွဲအဖြစ် ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဘူးစကွက်စ် ပါဝင်ကစားနိုင်ဖွယ်ရှိသော်လည်း မက်ဆီ နှင့် အယ်လ်ဘာတို့မှာမူ မသေချာသေးကြောင်း သိရသည်။
အင်တာမိုင်ယာမီနည်းပြ မာတီနိုက မက်ဆီ ကစားနိုင်ခြင်းရှိ၊ မရှိ မဆုံးဖြတ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
