♦ ဂျူဗင်တပ်စ် - လက်ချီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက် နံနက် ၁း၁၅ နာရီ)
ဂျူဗင်တပ်စ်က ပုံစံကောင်းတွေ တောက်လျှောက်ပြခဲ့ပြီးမှ နောက်ဆုံးပွဲမှာ ဆာဆူအိုလိုကို ဂိုးပြတ်ရှုံးခဲ့ရတယ်။ အဲဒီပွဲမှာ ဂျူဗင်တပ်စ်ရဲ့ ခံစစ်အားနည်းချက်တွေကို တွေ့ခဲ့ရပြီး နည်းပြ အယ်လီဂရီအနေနဲ့ ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ဆိုရမယ်။ လက်ချီက အခုရာသီစီးရီးအေမှာ ရှုံးပွဲမရှိသေးတဲ့အသင်း ဖြစ်သလို၊ ကစားပုံလည်းကောင်းပါတယ်။ ခံစစ်ကျစ်လျစ်မာကျောပြီး တန်ပြန်တိုက်စစ်တွေကို အသုံးချနိုင်တဲ့အသင်း ဖြစ်တယ်။ တူရင်မှာ ကစားရမှာဖြစ်ပေမဲ့ ဂျူဗင်တပ်စ်အတွက် ခက်ခဲနိုင်တယ်။ လက်ချီနဲ့ အရဲစွန့်သင့်တယ်။
♦ မြွန်စတာ - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက် နံနက် ၁း၁၅ နာရီ)
ဘိုင်ယန်မြူးနစ်အသင်း ဂိုးမြူးနေသလို၊ ဟာရီကိန်းကလည်း ဟက်ထရစ်တောင် သွင်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် ဘိုင်ယန်အသင်း လိုက်ပ်ဇစ်နဲ့ ဘွန်ဒစ်လီဂါပွဲကျပ် ကစားရဖို့ရှိတာကိုတော့ ထည့်တွက်ရမယ်။ ဘိုဟုမ်ကို ဂိုးဒါဇင်ဝက်ကျော်သွင်းခဲ့တဲ့ ပွဲထွက်စာရင်းကို ဘိုင်ယန်နည်းပြ တူဟယ်လ်က လုံးဝအပြောင်းအလဲလုပ်လာမှာ သေချာသလောက်ပါပဲ။ ဘိုင်ယန် လူမစုံပေမဲ့ အရန်ကစားသမားပိုင်းကလည်း နာမည်ကြီးတွေ ပါဝင်နေလို့ အဝေးကွင်းမှာ အခက်အခဲမရှိလောက်ဘူးထင်တယ်။ ဘိုင်ယန်အသင်း အနိမ့်ဆုံး(၃)ဂိုးလောက် ပြတ်လိမ့်မယ်။
♦ လိုင်လီ - Reims (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက် နံနက် ၁း၃၀ နာရီ)
လိုင်လီအသင်းရဲ့အိမ်ကွင်းမာကျောမှုကပဲ အခုပွဲရလဒ်ကို အဓိကအဆုံးအဖြတ်ပေးမယ်ထင်တယ်။ လိုင်လီအနေနဲ့ အခုရာသီ ပြိုင်ပွဲစုံ အိမ်ကွင်း(၄)ပွဲစလုံး အနိုင်ကစားထားသလို၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အိမ်ကွင်းမှာ ရှုံးပွဲမရှိ တော့တာဖြစ်တယ်။ လိုင်လီအသင်းမှာ အမ်တီတီအပြင် ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဘန်တာလက်ဘ်၊ ကာဗယ်လေရို၊ မန်နိုနီတို့ ခေါ်ထားတာ တွေ့ရတယ်။ နှစ်သင်းအကြား ရမှတ်တစ်မှတ်သာ ကွာဟပြီး ခြားနားချက် အတော် လေးနည်းပါတယ်။ လိုင်လီကွင်းဖြစ်လို့ အိမ်ရှင် အနိုင်ကစားဖို့ များတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
