ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries-LDC) တွင် မြန်မာနိုင်ငံ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု United Nations Conference Trade and Development ၏ အစီရင်ခံစာတွင် ထည့်သွင်းထားကြောင်း Nikkei Asian Review သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
LDC စာရင်းဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံအနက် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သော နိုင်ငံအဖြစ် မြန်မာနိုင်ငံက ရပ်တည်နိုင်ခဲ့ပြီး ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ယခင်ထိပ်ဆုံးနေရာရှိ အီသီယိုးပီးယားကို ကျော်ဖြတ်ပြီး မြန်မာနိုင်ငံက ထိပ်ဆုံးနေရာ တက်လှမ်းခဲ့ကာ မြန်မာနိုင်ငံ၏အောက် တတိယနှင့် ပဥ္စမအဆင့်နေရာများတွင် LDC စာရင်းဝင်ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား (ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ) နှင့် ဘင်္ဂလားဒေ့ရှ် (ဒေါ်လာ ၂ ဒသမ ၁၅ ဘီလျံ) တို့ ရပ်တည်နေသည်။
လူတစ်ဦး၏ တစ်နှစ်ပျမ်းမျှဝင်ငွေသည် ဒေါ်လာ ၁၂၃၀ အောက်ရှိသော နိုင်ငံများကို LDC စာရင်းဝင် နိုင်ငံများအဖြစ် သတ်မှတ်ထားသည်။ LDC စာရင်းတွင် လက်ရှိနိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်နေကာ နိုင်ငံပေါင်း ၃၁ နိုင်ငံက အာဖရိကမှဖြစ်ကာ အာရှနိုင်ငံများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှှေ့တီမော၊ လာအို၊ နီပေါနှင့် ယီမင်နိုင်ငံတို့ ပါဝင်သည်။
လာမည့်နှစ်များတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့သည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ စာရင်းဝင် နိုင်ငံအဖြစ်မှ လွတ်မြောက်လာဖွယ် ရှိသည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာကလည်း ခန့်မှန်းထားပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနှင့် ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ် မတ်လအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အဆိုပါ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအဆင့်မှ လွတ်မြောက်ရေး စံနှုန်းများအဖြစ် တစ်ဦးချင်းဝင်ငွေ (GNI) ဒေါ်လာ ၁၂၃၀ ထက်ကျော်လွန်ရန်၊ လူသားအရင်းအနှီးညွှန်းကိန်း (HAI) ၆၆ နှင့် အထက် ရှိရန်၊ စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (EVI) တွင် ၃၂ နှင့်အောက်ရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။
၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် မြန်မာနိုင်ငံသည် GNI ဒေါ်လာ ၁၂၅၅၊ HAI ၆၈ ဒသမ ၅ နှင့် EVI ၃၁ ဒသမ ၇ ရရှိခဲ့သဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်း သုံးခုစလုံးနှင့် ပြည့်မီသွားပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်း၍ လာမည့် ၂၀၂၁ ခုနှစ် သုံးနှစ်တစ်ကြိမ် သုံးသပ်မှုတွင် စံနှုန်းသုံးခုအနက် အနည်းဆုံးနှစ်ခုနှင့် ဆက်လက်ပြည့်မီပါက ယင်းနှစ်များ နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်မည့်လမ်းစ ပွင့်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် မေ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
LDC စာရင်းကို ၁၉၇၁ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယင်းစာရင်းမှ လွတ်မြောက်အောင် လုပ်နိုင်ခဲ့သည့် နိုင်ငံပေါင်း လေးနိုင်ငံသာ ရှိသေးပြီး ၎င်းတို့မှာ ဘော့ဆွာနာ (၁၉၉၄)၊ ကိတ်ဗာဒီ (၂၀၀၇)၊ မော်လဒိုက် (၂၀၁၁)၊ ဆာမိုအာ (၂၀၁၄) တို့ ဖြစ်ပြီး ယခုလွတ်မြောက်ရန် အလားအလာ အကောင်းဆုံး နိုင်ငံများအဖြစ် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့က ရပ်တည်နေခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
