မြန်မာနိုင်ငံ အပူပိုင်းဒေသဖြစ်သော တိုင်းဒေသကြီးသုံးခုတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေအရင်းမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်းကို မိုးလေဝသနှင့် ဇလဗေဒဌာနနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းစဉ်များအနက် အပူပိုင်းဒေသ ရာသီဥတုမျှတရန်နှင့် ရေဝေရေလဲ နေရာငယ်များ ထိန်းသိမ်းရန် လုပ်ငန်းစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့် သစ်ပင်များ ပြန်လည်စိုက်ပျိုး ထိန်းသိမ်းခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စီမံကိန်းမှာ ၂၀၁၅ ခုနှစ်အတွင်းမှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး သုံးခုတွင်ရှိသော ကျေး ရွာပေါင်း ၂၈၀ တွင် ဆောင်ရွက်နေခြင်းဖြစ်ကာ ရေထိန်းသိမ်းနိုင်စွမ်း တိုးမြှင့်ရန်နှင့် မြေဆီလွှာတိုက်စားမှု လျှော့ချရန်အတွက် ဒေသခံများကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့် သဘာဝမျိုးဆက်ခြင်း နည်းလမ်းဖြင့် ရေဝေရေလဲနေရာငယ် ဟက်တာ ၆၀၀၀ ကျော်အား ပြန်လည်ထိန်းသိမ်းခြင်းနှင့် သီးနှံနှင့် ရောနှောစိုက်ခင်း၊ အများပိုင်သစ်တောစိုက်ခင်း ၄၀၀၀ ဟက်တာခန့်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အများစုမှာ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“စီမံကိန်းမှာ ရာသီဥတုဒဏ်ခံနိုင်ဖို့ စိုက်ပျိုးရေး လုပ်ငန်းတွေပါတယ်။ အဲဒီအထဲမှာ ဒေသခံတွေ အကျိုးစီးပွားအတွက် အထောက်အကူပြု စိုက်ပျိုးရေးလုပ်ငန်းတွေ ပါသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စီမံကိန်းဒေသတွေ အတွင်းမှာ ရေဝေရေလဲ သစ်တောတွေ ထိန်းသိမ်းဖို့နဲ့ လိုအပ်တဲ့ နေရာတွေမှာ သစ်တောတွေ စိုက်ပျိုးခြင်း လုပ်ငန်းတွေလည်းရှိတယ်။ အပင်တွေ စိုက်ပျိုးတဲ့အခါမှာ ဒေသနဲ့ကိုက်ညီတဲ့ အမျိုးအစား အပင်တွေစိုက်ပျိုးပြီး ကျေးရွာတွင်း စိုက်ပျိုးနိုင်ဖို့ သီးပင်စားပင်တွေ ဖြန့်ဝေပေးသလို စာသင်ကျောင်းတွေနဲ့ လယ် ယာမြေတွေအတွင်းမှာလည်း သင့်လျော်တဲ့ အပင်အမျိုးအစားတွေ စိုက်ပျိုးဖို့ ချပေးတယ်။ စီမံကိန်းနဲ့ သစ်ပင်စိုက်ပျိုး ရှင်သန်မှုကို ပြန်လည်လေ့လာတဲ့ အခါမှာ စိုက်ပျိုးပြီး ၇၀ ရာခိုင်နှုန်းကျော်က ရှင်သန်တာကို တွေ့ရတယ်” ဟု UNDP မှ စီမံကိန်းမန်နေဂျာ ဒေါက်တာမြင့်ဝေက ပြောကြားသည်။
သစ်တောသစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်း စီမံကိန်းခွဲမှာ အပူပိုင်းဒေသများတွင် ရေရှည်ကာလ အနာဂတ် ရာသီဥတု ကောင်းမွန်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ရေရှားပါးသည့် နေရာများတွင် ရေချွေတာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးနည်းစနစ်များကိုလည်း ဒေသခံများအား ပြန်လည်မျှဝေပေးခြင်းများ ဆောင်ရွက်ကာ အပင်များအဖြစ် ကျွန်း၊ လျော်ဖြူ၊ သရက်၊ ရှား၊ ထနောင်း၊ ဒဟက်၊ တမာ စသည့် အပင်အမျိုးအစားပေါင်း ၂၄ မျိုးကို ဖြန့်ဝေစိုက်ပျိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့အပြင် စီမံကိန်းဆောင်ရွက်သည့် တိုင်းဒေသကြီး သုံးခုတွင် သဘာဝဘေးအန္တရာယ်ပြ မြေပုံများ ပြုစုထုတ်ပြန်ခြင်းများ ဆောင်ရွက်၍ လိုအပ်သည့်ဌာများသို့ ထောက်ပံ့ခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်း မှာ ၂၀၁၉ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
