သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းအချိန်က မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့်လူ ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်က သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် ဖားပိုင်ကုန်းကျေးရွာမှ ဒေသခံ ၂၅ ဦးခန့်စီးနင်းလိုက်ပါလာသည့် Vongo အမျိုးအစား မော်တော်ယာဉ်မှာ အနန်းပင်ကျေးရွာရှိ အလှူတစ်ခါမှပြန်လည်စဉ် အဆိုပါ အနန်းပင်ကျေးရွာအနီးတွင် အရှိန်လွန်ကာ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိပြီးတိမ်းမှောက်ကာသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကားပေါ်ပါလာတဲ့ ကလေးလူကြီးအားလုံး ၂၁ ဦးလောက် ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။ အဲ့ဒီအထဲကမှ လူကြီး နှစ်ဦးက ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ကို တင်ပို့လိုက်ရပါတယ်။ ကျန်တဲ့ လူနာတွေကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ဝါဂုဏ်မျိုးဆက်သစ်လူငယ်အဖွဲ့၊ သထုံမြို့အခြေစိုက် အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများမှ ဆေးရုံသို့ ပို့ဆောင်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
■Photo Credit - CJ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
