တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များကို စက်တင်ဘာ (၂၇၊ ၂၈) ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းကို (၇)ဂိုး ပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရကြောင်း သိရသည်။
မြန်မာအသင်းသည် အကောင်းဆုံးအုပ်စုတတိယနေရာဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သော်လည်း ရှုံးထွက်အဆင့်တွင် အာရှအင်အားကြီး ဂျပန်အသင်းနှင့် တွေ့ဆုံခဲ့သဖြင့် ဂိုးပြတ်အရှုံးနှင့်အတူ နောက်တစ်ဆင့်တက်ရောက်ခွင့် ဆုံးရှုံးခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာသည် အိန္ဒိယအသင်းနှင့် အုပ်စုနောက်ဆုံးပွဲ ကစားခဲ့သည့်လူစာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့ပြီး ဇင်ညီညီအောင် (ဂိုး)၊ ဇွဲခန့်မင်း၊ သက်ဟိန်းစိုး၊ ဟိန်းဇေယျာလင်း၊ ကောင်းထက်ပိုင်၊ နေမိုးနိုင်၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊ ခွန်ကျော်ဇင်ဟိန်း၊ ဥက္ကာနိုင်၊ ထက်ဖြိုးဝေတို့ဖြင့် ပွဲထွက်ခဲ့သည်။
ဂျပန်အသင်းသည် ပွဲစကတည်းက မြန်မာအသင်းကို ဖိအားပေးကစားခဲ့ပြီး ပထမပိုင်းမှာပင် (၅)ဂိုးပြတ်အနိုင်ရနေသည်။
မြန်မာအသင်းသည် တိုက်စစ်ထက် ခံစစ်တွင်သာ အချိန်ကုန်ခဲ့ပြီး ခံစစ်ပိုင်းအားနည်းချက်များကြောင့် ဂျပန်အသင်းတိုက်စစ်ကို မထိန်းချုပ်နိုင်ဘဲ ဂိုးများလွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။
ဂျပန်အသင်းအတွက် အနိုင်ဂိုးများကို (၁၁၊ ၂၆)မိနစ်တွင် ကီရင်ဆာတို၊ (၂၅၊ ၃၄)မိနစ်တွင် အာယုကာဝါ၊ (၄၁) မိနစ်တွင် ကိုရှိရိုဆူမိ၊ (၆၆)မိနစ်တွင် အူချီနို၊ (၇၃)မိနစ်တွင် ဟီနိုတို့က သွင်းယူခဲ့သည်။
မြန်မာအသင်းသည် ဒုတိယပိုင်းတွင် နှစ်ဂိုးသာ ထပ်ပေးခဲ့ရသော်လည်း နှစ်သိမ့်ချေပဂိုးပင် မသွင်းယူနိုင်ခဲ့ပေ။
နှစ်ရက်ကြာကျင်းပခဲ့သည့် ရှုံးထွက်ပွဲစဉ်များအပြီးတွင် အိမ်ရှင်တရုတ်၊ လက်ရှိချန်ပီယံ တောင်ကိုရီးယားအပါအဝင် အင်အားကြီးအသင်းအများစု ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။
ရှုံးထွက်ပွဲစဉ်များတွင် တရုတ်အသင်းက ကာတာအသင်းကို (၁-၀) ဂိုး၊ တောင်ကိုရီးယားအသင်းက ကာဂျစ္စတန်အသင်းကို (၅-၁) ဂိုး၊ အီရန်အသင်းက ထိုင်းအသင်းကို (၂-၀) ဂိုး၊ ဟောင်ကောင်အသင်းက ပါလက်စတိုင်းအသင်းကို (၁-၀)ဂိုး၊ မြောက်ကိုရီးယားအသင်းက ဘာရိန်းအသင်းကို (၂-၀) ဂိုး၊ ဂျပန်အသင်းက မြန်မာအသင်းကို (၇-၀)ဂိုး၊ ဥဇဘက်ကစ္စတန်အသင်းက အင်ဒိုနီးရှားအသင်းကို အချိန်ပိုတွင် (၂-၀) ဂိုး၊ ဆော်ဒီအာရေဗျအသင်းက အိန္ဒိယအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အိမ်ရှင်တရုတ်နှင့် လက်ရှိချန်ပီယံ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နှင့် ဆော်ဒီအာရေဗျ၊ အီရန်နှင့် ဟောင်ကောင်၊ မြောက်ကိုရီးယားနှင့် ဂျပန်အသင်းတို့ တွေ့ဆုံလျက်ရှိပြီး အောက်တိုဘာ (၁)ရက်တွင် ကျင်းပမည်ဖြစ်သည်။
ကွာတားဖိုင်နယ် တက်ရောက်လာသည့် ရှစ်သင်းတွင် အာရှအားကစားပြိုင်ပွဲ၌ ရွှေ တံဆိပ်ရဖူးသည့် တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ အီရန်၊ ဂျပန်နှင့် မြောက်ကိုရီးယား အသင်း (၅)သင်းသာ တက်ရောက်လာပြီး တရုတ်၊ ဟောင်ကောင်နှင့် ဆော်ဒီအာရေဗျအသင်းတို့မှာမူ ရွှေတံဆိပ်ရရှိဖူးခြင်းမရှိသေးကြောင်း သိရသည်။
ရွှေတံဆိပ်ရရှိဖူးသည့် အသင်းများအနက် မြန်မာအသင်းအပါအဝင် အိန္ဒိယ၊ တရုတ်တိုင်ပေ၊ အီရတ်၊ ကာတာအသင်းတို့မှာ ကွာတားဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။
မြန်မာအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
