မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲအတွက် လက်မှတ်များရောင်းချနေလျက်ရှိသလို ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်များကို အထူးတန်း ကျပ် (၅၀၀၀)၊ ရိုးရိုးတန်း ကျပ်(၂၀၀၀) သတ်မှတ်ကာ သုဝဏ္ဏကွင်းရှိ ဂိတ်ပေါက်များ၌ ရောင်းချပေးနေကြောင်း သိရသည်။
ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် Channel 7 နှင့် Pyone Play Sports YouTube Channel များမှလည်း တိုက်ရိုက်ထုတ်လွှင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဦးမျိုးလှိုင်ဝင်းသည် လက်ဘနွန်အသင်းနှင့်ပွဲကို စင်ကာပူအသင်းနှင့် ကစားခဲ့သည့် ကစားသမား ၂၄ ဦးဖြင့်ပင် ယှဉ်ပြိုင်ကစားမည်ဖြစ်သော်လည်း ဒဏ်ရာရကစားသမားများရှိနေသလို ပွဲပယ်ပြစ်ဒဏ်စေ့သွားသည့် လွင်မိုးအောင် ပြန်လည်ပါဝင်လာမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
