မန္တလေးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးက ဆိုင်ဝန်ထမ်းအား ဓားဖြင့်လှမ်းထိုးကာ လုယက်ရန်ကြံစည်မှု နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉လမ်း၊ ၃၈လမ်းနှင့် ၃၉ လမ်းကြားရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် အဆိုပါအမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အဆိုပါ ဖုန်းအရောင်းဆိုင် အတွင်းသို့ရောက်ရှိလာပြီး Kpay သိန်း ၅၀ ထုတ်ချင်ကြောင်းပြောရာ ဆိုင်ဝန်ထမ်းများက ဘဏ်သွားထုတ်ရန်သာ ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်ပြီး ၂၃ နှစ်အရွယ် အမျိုးသမီးက သူမ၏ဖုန်းအား စစ်ဆေးပေးရန်ပြသရာ ဆိုင်ဝန်ထမ်းက ဖုန်းအားကြည့်ပေးနေစဉ် ဓားဖြင့်လှမ်းထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဓားဖြင့်လုယက်မှုကျုးလွန်ရန်ကြံစည်သူ အဆိုပါအမျိုးသမီးကို ဖမ်းဆီးရမိထားပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
