တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးကျောင်းတိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းထိုင်ဆရာတော်မှာ ပျံလွန်တော်မူသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် " ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင် တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါသည်" ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မြို့ဦး ပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်းတွင် သီတင်းသုံးနေသည့် ရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ သက်တော် (၅၇)နှစ်၊ ဝါတော်(၃၇)နှစ် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
အဆိုပါဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
