အက်သလက်တီကိုအသင်းသည် လက်ရှိနည်းပြ ဒီယေဂိုဆီမြွန်နီ၏နေရာ အစားထိုးရန် နည်းပြသစ် ရှာဖွေနေပြီး အရန်အသင်းနည်းပြအဖြစ်ဆောင်ရွက်နေသည့် ဖာနန်ဒိုတောရက်စ်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် ၂၀၁၁ ခုနှစ်ကတည်းက လက်တွဲခဲ့သည့် အာဂျင်တီးနားနည်းပြ ဆီမြွန်နီနှင့် လာမည့်နွေရာသီတွင် လမ်းခွဲဖွယ်ရှိသည့်အတွက် အစားထိုးရန် ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။
ဆီမြွန်နီ(၅၄ နှစ်)သည် အက်သလက်တီကိုအသင်းကို လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ နှစ်ကြိမ်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ၎င်းအနေဖြင့် ၂၀၁၇-၁၈ ရာသီနောက်ပိုင်းတွင် အောင်မြင်မှုနှင့် ဝေးကွာနေသည့်အပြင် အသင်း၏ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာအောင် ပြုလုပ်ပေးနိုင်ခြင်းမရှိဟု ယူဆသည့်အတွက် အက်သလက်တီကိုအသင်း တာဝန်ရှိသူများက ၎င်းနှင့် လမ်းခွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆီမြွန်နီသည် အက်သလက်တီကိုအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ဥရောပဘောလုံးလောက၌ လစာအများဆုံးနည်းပြအဖြစ် ရပ်တည်နေသူဖြစ်သည်။
သို့ရာတွင် လက်ရှိအချိန်၌ အက်သလက်တီကိုအသင်းအနေဖြင့် ဘောလုံးဒါရိုက်တာသစ်နှင့် ခရီးဆက်နေပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် စီစဉ်နေသည့်အတွက် ဆီမြွန်နီနှင့် လမ်းခွဲရမည့်အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အရန်အသင်းနည်းပြ တောရက်စ်ကို အစားထိုးခန့်အပ်ဖွယ်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
