ရုရှားအတွင်းပိုင်းကို တိုက်ခိုက်မှုများအတွက် အမေရိကန်ပံ့ပိုးပေးသော တာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင်က ခွင့်ပြုလိုက်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရုရှားအနောက်ပိုင်း ကာ့ရှ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များကို အကာအကွယ်ပေးရေးအတွက် ရုရှားနှင့်မြောက်ကိုရီး ယား စစ်သားများအား တိုက်ခိုက်ရာတွင် အဆိုပါဒုံးကျည်များကို အသုံးပြုဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မစ္စတာဘိုင်ဒင်၏ ဆုံးဖြတ်ချက်က အမေရိကန်မူဝါဒပိုင်းတွင် အပြောင်းအလဲကြီး တစ်ရပ်ဖြစ်သည်။ ယခု ဆုံးဖြတ်ချက်က ဘိုင်ဒင်၏အကြံပေးများကို သဘောထားကွဲစေခဲ့သည်။ ယူကရိန်းအတွက် နောက်ထပ်အကူအညီများကို ကန့်သတ်မည်ဟု ပြောကြားထားသော ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် တက်မလာမီ နှစ်လအလိုတွင် မူဝါဒအပြောင်းအလဲ ဖြစ်လာခြင်းဖြစ်သည်။
ATACMS ဟုခေါ်သည့် တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့်ပေးလိုက်ခြင်းသည် စစ်ပွဲထဲသို့ မြောက်ကိုရီးယားစစ်သားများအား ခေါ်သွင်းသည့် ရုရှား၏မထင်မှတ်သော ဆုံးဖြတ်ချက်အား တုံ့ပြန်မှုဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက တိုက်ခိုက်ခွင့်ပေးလိုက်သည့်ကိစ္စကို အတည်ပြုခြင်း မရှိသော်လည်း တာဝေးပစ်ဒုံးကျည်များကို အသုံးပြုခွင့်ပိတ်ပင်ထားခြင်းထက် ပိုအရေးကြီးသော အချက်မှာ ရုရှားပြည်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုသော ဒုံးကျည်အရေအတွက် ဖြစ်လိမ့်မည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့က ဆီလျှော်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ ခွင့်ပြုချက်ရသွားပြီဆိုပြီး မီဒီယာမှာ တော်တော်များများက ဒီနေ့မှာ ပြောနေပါတယ်။ ဒါပေမဲ့ ထိုးနှက်ချက်တွေဟာ စကားလုံးတွေနဲ့အတူ မသက်ရောက်ပါဘူး။ အဲဒီထိုးနှက်ချက်တွေကို မကြေညာပါဘူး။ သူတို့အတွက် ဒုံးကျည်တွေက စကားပြောပါလိမ့်မယ်"ဟု ညစဉ် ပြောကြားသော မိန့်ခွန်းတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
Ref : The New York Times
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
