ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီသည် အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးရန် စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီ နှင့် ဘာစီလိုနာအသင်း ဘုတ်အဖွဲ့တို့ ဘာစီလိုနာမြို့၌ ဆွေးနွေးခဲ့ကြောင်း အပြောင်း အရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း အတည်ပြုရေးသားထားသည်။
ယင်းကဲ့သို့ ဆွေးနွေးရာတွင် ချယ်လ်ဆီးအသင်းနောက်ခံလူ အလွန်ဆိုနှင့် အက်ဇ်ပီလီကွယ်တာတို့၏ အပြောင်းအရွှေ့ကိစ္စများ ပါဝင်သလို ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းကိုလည်း ချယ်လ်ဆီးအသင်းက ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် အလွန်ဆိုနှင့် အက်ဇ်ပီလီ ကွယ်တာတို့ကိုခေါ်ယူရန် သဘောတူညီမှု ရထားသော်လည်း ပြောင်းရွှေ့ကြေးအတွက် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရန် လိုအပ်နေသေးသည်။
၎င်းတို့အနေဖြင့် ပုံမှန် ပြောင်းရွှေ့ကြေးပေး၍ ခေါ်ယူခြင်းထက် ကစားသမားအလဲအထပ်ဖြင့် ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေပြီး ဘာစီလိုနာအသင်းတွင် ပွဲထွက်ခွင့်မရသည့် ဒီပိုင်းနှင့် ဆာဂျီညိုဒက်စ်တို့လည်း ပါဝင်နိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။ ယခုဆွေးနွေးရာတွင် ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာ၊ ချယ်လ်ဆီးအသင်းဥက္ကဋ္ဌ တော့ဒ်ဘိုလီနှင့် နှစ်ဖက်အသင်း ဘုတ်အဖွဲ့ အကြီးတန်းတာဝန်ရှိသူများပါဝင်ပြီး Via Veneto စားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် ခေါ်ယူရန် အဓိကကြိုးပမ်းနေသည့် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းမှုပြုလုပ်ထားပြီး တုံ့ပြန်လာမည့်အဖြေကို စောင့်ဆိုင်းလျက်ရှိကြောင်း ဥက္ကဋ္ဌ လာပေါ်တာက အတည်ပြု ပြောကြားခဲ့သည်။ "ကစားသမားအတွက် ကျွန်တော်တို့ ကမ်းလှမ်းမှုတစ်ခု လုပ်ထားပါတယ်။ တုံ့ပြန်လာမယ့်အဖြေကို ကျွန်တော်တို့စောင့်နေပါတယ်။ အဲဒါက အပြုသဘောဆောင်တဲ့ အဖြေလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ ကမ်းလှမ်းမှုလုပ်ထားပါတယ်။ အခုအချိန်မှာ ဘိုင်ယန်အနေနဲ့ ဒါကိုချိန်ဆဖို့ လုပ်ရမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းထားသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ယူရိုသန်း ၅၀ ရရှိမှသာ ရောင်းချဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
