ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းသည် လာမည့် ၂၀၂၂-၂၃ ရာသီတွင် ဝတ်ဆင်မည့် အိမ်ကွင်းဝတ်စုံကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ယခုနွေရာသီတွင် အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေပြီး အနာဂတ်လှုပ်ခတ်နေသည့် အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
မန်ယူအသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်မည့် အိမ်ကွင်းဝတ်စုံသစ်ကို ၎င်းတို့ ၏အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း၏ အိမ်ကွင်းဝတ်စုံသစ် မှာ ၁၉၉၀ ခုနှစ်ကျော်ကာလများက ဝတ်ဆင်ခဲ့သည့်ပုံစံအတိုင်း ဒီဇိုင်းထုတ်လုပ်ထားကာ အနီရောင်နှင့် အဖြူရောင်တို့ ပါဝင်သည်။ ထို့ပြင် အိမ်ကွင်းဝတ်စုံသစ်တွင် အဖြူရောင် ကော်လာလည်းပါဝင်ပြီး အသင်းနှင့်လက်တွဲထားသည့် စပွန်ဆာတံဆိပ်များကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
မန်ယူအသင်းအနေဖြင့် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်ရာ၌ ယခုနွေရာသီတွင် အသင်းမှထွက်ခွာခွင့်တောင်းထားသည်ဟု သတင်းထွက်နေသည့် စီရော်နယ်လ်ဒို၏ ဓာတ်ပုံကို အဓိကထားဖော်ပြခဲ့သည်။ သို့သော် မန်ယူအသင်းအနေဖြင့် အသင်းတွင် အနာ ဂတ်လှုပ်ခတ်နေသည့် စီရော်နယ်လ်ဒို၏ အိမ်ကွင်းဝတ်စုံသစ်အတွက် ရိုက်ထားသည့် စပါယ်ရှယ်ဗီဒီယိုကိုမူ ထုတ်ပြခြင်းမရှိသေးကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ မန်ယူအသင်းအနေဖြင့် အိမ်ကွင်းဝတ်စုံသစ်အတွက် စီရော်နယ်လ်ဒို၊ ဒေးဗစ်ဘက်ခမ်၊ ကန်တိုနာနှင့် ဗီဒီယိုရိုက်ကူးခဲ့သည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းဗီဒီယိုကို စီရော်နယ်လ်ဒို၏ အနာဂတ်မသေချာမှုကြောင့် ထုတ်မပြသေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက် ၃၇ နှစ်ကျော်ပြီဖြစ်သည့် ပေါ် တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို သည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ကစားလိုခြင်းကြောင့် ယခုနွေတွင် အသင်းပြောင်းရွှေ့ရန် အသင်းထံ တောင်းဆိုထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ စီရော်နယ်လ်ဒိုသည် လက်ရှိတွင်လည်း မိသားစုပြဿနာကို အကြောင်းပြကာ ဇူလိုင် ၈ ရက်အထိ အသင်း၏လေ့ကျင့်ရေးအစီအ စဉ်ကို လာရောက်ခြင်းမရှိသေးကြောင်း သိ ရှိရသည်။ ထို့ကြောင့် ၎င်းအနေဖြင့် ထိုင်းနှင့် သြစတြေးလျနိုင်ငံတို့တွင် ခြေစမ်းပွဲများ သွားရောက်ကစားမည့် မန်ယူအသင်း၏ ရာသီကြို ခရီးစဉ်တွင်လည်း ပါဝင်မည်မဟုတ်ကြောင်း မန်ယူအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုထားသည်။
လက်ရှိတွင် စီရော်နယ်လ်ဒိုအား ခေါ် ယူရန် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းတို့က ရေပန်းစားနေကြောင်း သိရသည်။ ထို့ပြင် ဘာစီလိုနာအသင်းကလည်း စီရော်နယ်လ်ဒိုကို ခေါ်ယူဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
