တန်ဟက်ဂ်ရဲ့ အားထားရာဖြစ်လာမလား ဗန်ဒယ်ဘိခ်
24htopnews | November 19, 2024 7:12 PM CST
လာမယ့်ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဗန်ဒယ်ဘိခ်က ဘယ်လောက်အထိ အရေးပါလာမလဲဆိုတာ သုံးသပ်ကြည့်ချင်ပါတယ်။ လက်ရှိအနေအထားအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ ပေါ့ဘာမရှိတော့ပါဘူး။ တွမ်မီနေးနဲ့ ဖရက်ဒ်တို့သာ ရှိတော့ပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက N0.10 Role ကစားသမားအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါဆိုရင် ဗန်ဒယ်ဘိခ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နေရာမှာ အဓိက ကစားရမှာလဲ။ အဖြစ်နိုင်ဆုံးကတော့ N0.8 Roleမှာ ဗန်ဒယ်ဘိခ် ကစားရဖို့များပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကွင်းလယ်လူသစ်ထပ်ခေါ်ဦးမယ်ဆိုတာတောင် နည်းပြ တန်ဟက်ဂ်အနေနဲ့ တပည့်ဟောင်း ဗန်ဒယ်ဘိခ်ကို ပစ်ပယ်ထားလိမ့်မယ်တော့ မထင်ပါဘူး။ ဗန်ဒယ်ဘိခ်သာ ပုံမှန်ခြေစွမ်းတစ်ခုပြသနိုင်ခဲ့ရင် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ကျိန်းသေပေါက် ရလာပါလိမ့် မယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
