အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာသည် သောကြာနေ့က ဂျူဗင်တပ်စ်အသင်းနှင့် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ၀ါရင့်ကစားသမား ဒီမာရီယာသည် PSG အသင်းနှင့် လမ်းခွဲပြီးနောက် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
ဒီမာရီယာသည် မိသားစုဝင်များနှင့်အတူ မြန်မာစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်းတွင် တူရင်မြို့ လေဆိပ်သို့ သီးသန့်လေယာဉ်ဖြင့် ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင် ဂျူဗင်တပ်စ်အသင်း၏ J Medical စင်တာ၌ ဆေးစစ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို၏ ရေးသားဖော်ပြမှုအရ ဒီမာရီယာအနေဖြင့် အချက်အလက် အားလုံး သဘောတူညီမှုရရှိပြီးဖြစ်သောကြောင့် တစ်နှစ်စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ဒီမာရီယာသည် ဂျူ ဗင်တပ်စ်အသင်း၌ တစ်နှစ်လစာ ယူရို (၇) သန်းရရှိမည်ဖြစ်ပြီး PSG အသင်း၌ရရှိခဲ့သည့် လစာထက် ထက်ဝက်နီးပါး လျော့နည်းသွားသည်။
၎င်းသည် PSG အသင်းအတွက် (၇) ရာသီအတွင်း ၂၉၅ ပွဲကစား၊ ၉၂ ဂိုးသွင်းယူ ပေးခဲ့ပြီးနောက် စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်းနှင့် လမ်းခွဲထားသည့် ကွင်းလယ်လူဟောင်း ပေါ့ဘာကိုလည်း ပြန်လည်ခေါ်ယူရန် သဘော တူညီမှုရရှိထားပြီး ယခုရက်သတ္တပတ်ကုန်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
