ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်တွင် ၀ါရင့်စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်မှာ ဝမ်းဗိုက်ဒဏ်ရာကြောင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဂရင်းစလင်းချန်ပီယံဆု ၂၂ ကြိမ်ရရှိထားသူ နဒါးလ် (၃၆ နှစ်) သည် ဗုဒ္ဓဟူးနေ့က ကွာတားဖိုင်နယ် ယှဉ်ပြိုင်နေစဉ် ဆေးကုသမှုခံယူခဲ့ရသော်လည်း ပွဲပြီးဆုံးချိန်အထိ ဆက်လက်ကစားခဲ့ပြီး နိုင်ပွဲရရှိခဲ့သည်။
၎င်းအနေဖြင့် ဝမ်းဗိုက်ကြွက်သားဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရာ ပြိုင်ဘက်ဖြစ်သူ သြစတြေးလျကစားသမား ကာဂျီယို့စ် (ဆီဒင်မဲ့)မှာ ဂရင်းစလင်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခဲ့သည်။
အခြား အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်တွင်မူ နာမည်ကျော် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်သည် ဗြိတိန်တင်းနစ်သမား ကင်မရွန်းနော်ရစ်ကို (၂-၆)၊ (၆-၃)၊ (၆-၂)၊ (၆-၄) ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ထို့ကြောင့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် ကာဂျီယို့စ်တို့ တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို ဇူလိုင် (၁၀) ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
