ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲသို့ တူနီးရှားတင်းနစ်မယ် အွန်ယာဘာနှင့် ကာဇက်စတန်တင်းနစ်မယ် အယ်လီနာရီဘက်ကီနာတို့ တက်ရောက်ခဲ့ပြီး နှစ်ဦးစလုံး ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်သောကြောင့် ချန်ပီယံသစ်ထွက်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ယာဘာ (ဆီဒင် ၃)က ဂျာမနီတင်းနစ်မယ် မာရီယာ (ဆီဒင်မဲ့) ကို ၆-၂၊ ၃-၆၊ ၆-၁ ဖြင့်လည်းကောင်း၊ ရီဘက်ကီနာ (ဆီဒင် ၁၇) က ၂၀၁၉ ချန်ပီယံဟောင်း ရိုမေးနီးယားတင်းနစ်မယ် ဟာလပ် (ဆီဒင် ၁၆) ကို ၆-၃၊ ၆-၃ ဖြင့်လည်းကောင်း အနိုင်ရခဲ့သည်။
ယာဘာ (၂၇ နှစ်) နှင့် ရီဘက်ကီနာ (၂၃ နှစ်) တို့ နှစ်ဦးစလုံးမှာ ကစားသမားဘဝတစ်လျှောက် ဂရင်းစလင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်သောကြောင့် ချန်ပီယံသစ်ထွက်ပေါ်မည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်မှမဟုတ်သူနှစ်ဦး ပထမဆုံးယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ထို့ပြင် တူနီးရှားနိုင်ငံသူ ယာဘာအနေဖြင့် မေဂျာပြိုင်ပွဲတစ်ခု၏ တစ်ဦးချင်းဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်သည့် အာရပ်ကစားသမားအဖြစ်လည်းကောင်း၊ ဝင်ဘယ်လ်ဒန်ဗိုလ်လုပွဲရောက်ရှိသည့် ဒုတိယမြောက် အာဖရိကတင်းနစ်မယ်အဖြစ်လည်းကောင်း၊ မေဂျာဗိုလ်လုပွဲတက်ရောက်နိုင်သည့် စတုတ္ထမြောက် အာဖရိကတင်းနစ်မယ်အဖြစ်လည်းကောင်း မှတ်တမ်းဝင်မည်ဖြစ်သည်။
ရုရှားနိုင်ငံဖွား ကာဇက်စတန်နိုင်ငံသူ ရီဘက်ကီနာမှာလည်း မေဂျာဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံး ကာဇက်စတန်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို ယနေ့ (စနေနေ့) မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
