ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် ခေါ်ယူရန် အဓိကကြိုးပမ်းနေသည့် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းမှုပြုလုပ်ထားပြီး တုံ့ပြန်လာမည့်အဖြေကို စောင့်ဆိုင်းလျက်ရှိကြောင်း ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက အတည်ပြု ပြောကြားသည်။
အသက် (၃၃) နှစ်အရွယ်ရှိ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလိုသည်ဟု အတိအလင်းပြောကြားထားသူဖြစ်သည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် လီဝန်ဒေါစကီးကို ခေါ်ယူရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်က လိုချင်သည့်ကြေးမရသဖြင့် ပယ်ချခဲ့သော်လည်း ယခုအခါ ထပ်မံကမ်းလှမ်းထားခြင်းဖြစ်ကြောင်း လာပေါ်တာက ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကစားသမားအတွက် ကျွန် တော်တို့ ကမ်းလှမ်းမှုတစ်ခု လုပ်ထားပါတယ်။ တုံ့ပြန်လာမယ့်အဖြေကို ကျွန်တော်တို့စောင့် နေပါတယ်။ အဲဒါက အပြုသဘောဆောင်တဲ့ အဖြေလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ ကမ်းလှမ်းမှုလုပ်ထားပါတယ်။ အခုအချိန်မှာ ဘိုင်ယန်အနေနဲ့ ဒါကိုချိန်ဆဖို့ လုပ်ရမှာပါ"ဟု လာပေါ်တာက ပြောကြားသည်။
လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းထားသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ယူရိုသန်း ၅၀ ရရှိမှသာ ရောင်းချဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
