ချယ်လ်ဆီးအသင်းသည် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်၏ ပြောင်းရွှေ့ကြေးအတွက် မန်စီးတီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကနဦးပြောင်း ရွှေ့ကြေး ပေါင် ၄၅ သန်းနှင့် Add-ons ကြေး ပေါင် ၁၀ သန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် စတာလင် (၂၇ နှစ်) နှင့် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိပြီးနောက် ရက်ပိုင်းအကြာ စနေနေ့ညပိုင်းတွင် ပြောင်းရွှေ့ကြေးအတွက် မန်စီးတီးအသင်းနှင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြသည်။
၎င်း၏ ပြောင်းရွှေ့ကြေးမှာ Add-ons ကြေးများပါဝင်လျှင် ပေါင်သန်း ၅၀ ကျော် ရှိနိုင်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြပြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနှင့် Add-ons ကြေး ပေါင် ၁၀ သန်း ပေးချေရမည်ဖြစ်ကြောင်းTwitter တွင် ရေးသားဖော်ပြထားသည်။
သို့ဖြစ်ရာ စတာလင်အနေဖြင့် ချယ်လ်ဆီးအသင်းနှင့် ဆေးစစ်မှုပြုလုပ်ပြီးပါက အပြီးသတ်စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် ငါးနှစ်စာချုပ်အပြင် တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။
စတာလင်သည် ချယ်လ်ဆီးအသင်းတွင် တစ်ပတ်လစာ ပေါင်သုံးသိန်းကျော်အထိ ရရှိမည်ဖြစ်ပြီး မန်စီးတီးအသင်းတွင်လည်း တစ်ပတ်လစာ ပေါင်သုံးသိန်းရရှိနေသည်။
ထို့ပြင် ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်တော့ဒ်ဘိုလီ လက်ထက် ပထမဆုံး အဓိက ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ စတာလင်၏စာချုပ်မှာ တစ်နှစ်သာကျန်ရှိတော့ပြီး မန်စီးတီးအသင်းက ၎င်းအားဆက်ထိန်းထားရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က အသင်းအတွက် အလွန်အရေးပါသည့် ကစားသမားဖြစ်လိုခြင်းကြောင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတာလင်သည် ၂၀၁၅ ခုနှစ် နွေရာသီတွင် လီဗာပူးလ်အသင်းမှ မန်စီးတီးသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်း၊ Add-ons ကြေး ပေါင်ငါးသန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ထိုစဉ်က ပြောင်းရွှေ့ကြေး အမြင့်ဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၎င်းသည် ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၃၃၉ ပွဲကစား၊ ၁၃၁ ဂိုးသွင်းယူပေးထားနိုင်သော်လည်း နောက်ဆုံးနှစ် ရာသီအနက် ၂၀၂၀-၂၀၂၁ ရာသီ တွင် ၁၄ ဂိုးနှင့် ၂၀၂၁-၂၀၂၂ ရာသီ တွင် ၁၇ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် မန်စီးတီးအသင်းတွင် ပုံမှန်နေရာမရသည့် နယ်သာလန်နောက်ခံလူ နာသန်အကီကို ပေါင်သန်း ၄၀ ဖြင့် ထပ်မံခေါ်ယူနိုင်ရန်လည်း နီး စပ်နေပြီဖြစ်ကြောင်း သိရသည်။
အကီ (၂၇ နှစ်)သည် ချယ်လ်ဆီး အကယ်ဒမီထွက်ကစားသမားတစ်ဦး ဖြစ်ပြီး ရက်ဒင်း၊ ဝက်ဖို့ဒ်၊ ဘုန်းမောက် စသည့်အသင်းများသို့ အငှားသွားရောက်ကစားပြီးနောက် ၂၀၁၇ ခုနှစ် နွေရာသီတွင် ဘုန်းမောက်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် မန်စီးတီးအသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်မရဘဲ ၂၀၂၀-၂၀၂၁ ရာသီက ပရီးမီးယားလိဂ်ပွဲတွင် ကိုးပွဲနှင့် ၂၀၂၁-၂၀၂၂ ရာသီတွင် ၁၀ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ၎င်းအတွက် ပေါင်သန်း ၄၀ မှ ၄၅ သန်း ဝန်းကျင် ပေးချေရဖွယ်ရှိပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် အဓိကနောက်ခံလူ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့ကို လက်လွှတ်ထားရသဖြင့် ခံစစ်ပိုင်းအားဖြည့်ရန် လိုအပ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
