ဗာနာ၊ ဇီယာ့ရှ်နှင့် အိုဒွိုင်းတို့အတွက် ကမ်းလှမ်းမှုများကို ချယ်လ်ဆီးအသင်း လက်ခံမည်
24htopnews | November 19, 2024 7:12 PM CST
ချယ်လ်ဆီးအသင်းသည် ယခုနွေတွင် အသင်းကစားသမားများဖြစ်သည့် ဗာနာ၊ ဇီယာ့ရှ်နှင့် အိုဒွိုင်းတို့အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း Independent က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်သစ် လက်ထက်တွင် အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိနေပြီး ကစားသမားသစ်များ ခေါ်ယူရန်စီစဉ်နေသလို၊ တစ်ဖက်တွင် အသင်းကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဗာနာ၊ တူဟယ်လ် သဘောမကျသည့် ဇီယာ့ရှ်နှင့် ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန်နေရသည့် အိုဒွိုင်းတို့ကို ရောင်းထုတ်လိုနေပြီး ထိုက်တန်သည့် ကမ်းလှမ်းမှုရှိလာပါက လက်ခံသွားဖွယ်ရှိနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
