PSG အသင်းနည်းပြသစ်အ ဖြစ် ခန့်အပ်ခံရပြီးနောက် ဂယ်လ်ချီက မိမိကို ယုံကြည်စွာဖြင့်တာဝန်ပေးခဲ့သည့် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အသက် (၅၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂယ်လ်ချီသည် PSG အသင်းနှင့် နှစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကာတာအာဏာပိုင်များ၏ ပိုင်ဆိုင်မှုအောက် ရောက်ရှိပြီးနောက် အသင်း၏(၇)ဦးမြောက် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
"PSG အသင်းနည်းပြအဖြစ် ကျွန်တော့်ကို ယုံယုံကြည်ကြည်တာဝန်ပေးခဲ့တဲ့ ဥက္ကဋ္ဌ နာဆာအယ်လ်ခီလိုင်ဖီ၊ လူးဝစ်ကမ်ပို့စ်(ဘောလုံးအကြံပေး)နဲ့ ကလပ်အသင်းကို ကျေးဇူးတင်စကား ပြောလိုပါတယ်။ PSG အသင်းက ဥရောပမှာ ပြိုင်ပွဲဝင်စိတ် ပြင်းထန်ပြီး ခမ်းနားကြီးကျယ်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့တစ်သင်းလည်း ဖြစ်ပါတယ်။ ဒီထူးခြားတဲ့ အသင်းရဲ့နည်းပြအဖြစ် ပတ်သက်ခွင့်ရပြီးနောက် တာဝန်ယူမှုကို အပြည့်အဝ သတိမူမိပါတယ်" ဟု ဂယ်လ်ချီက ပြောကြားခဲ့သည်။
ဂယ်လ်ချီ သည် ၂၀၂၁ ခုနှစ်က လိုင်လီအသင်းကို အမှတ်ပေးချန်ပီယံဆု ရယူပေးခဲ့ပြီး ပြီးခဲ့သည့်ရာသီကလည်း နိစ်အသင်းကို အမှတ်ပေးပြိုင်ပွဲ$ အဆင့် (၅)နှင့် ပြင်သစ်ဖလား ဒုတိယ နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း PSG အသင်းကို အမှတ်ပေးချန်ပီယံမဖြစ်အောင် တားဆီးနိုင်သည့် နည်းပြနှစ်ဦးထဲမှ တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၎င်းမတိုင်မီ ၂၀၀၆-၁၇ ရာသီတွင် လီယိုနာဒိုယာဒင်းက မိုနာကိုအသင်းနှင့်အတူ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
ဂယ်လ်ချီသည် မာဆေးလ်(ယာယီ)၊ ဘတ်စတီယာ၊ စိန့်အက်တီယန်အသင်းများကိုလည်း ကိုင်တွယ်ခဲ့ပြီး နည်းပြဘဝကို ပြင်သစ်ကလပ်များ၌သာ ကျင်လည်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
