မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဇူလိုင် (၁၂) ရက် မှ (၁၇)ရက်အထိကျင်းပမည့် စင်ကာပူအိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ပြုလုပ်သည့် ပြိုင်ပွဲများတွင် ပြန်လည်ယှဉ်ပြိုင်လျက်ရှိပြီး မလေးရှားမာစတာ ကြက်တောင်ရိုက် ပြိုင်ပွဲအပြီးတွင် စင်ကာပူအိုးပင်းပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
စင်ကာပူအိုးပင်း ကြက်တောင်ပြိုင်ပွဲမှာ BWF က ပြုလုပ်သည့်ပြိုင်ပွဲများအနက် အဆင့်မြင့်သည့်ပြိုင်ပွဲဖြစ်သည့် HSBC BWF World Tour Super 500 အဆင့်ရှိ ပြိုင်ပွဲဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် နောက်ဆုံးအဆင့်၌ (၃၂) ဦး၊ လက်ရည်စစ်ပွဲအဆင့်တွင် (၈)ဦးသာ ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြစ်သည်။
နောက်ဆုံး အဆင့်တွင် ယှဉ်ပြိုင်ရမည့် (၃၂)ဦးအနက် (၂၈)ဦး ထွက်ပေါ် ပြီးဖြစ်သောကြောင့် လက်ရည်စစ်ပွဲအဆင့်မှ (၄)ဦးသာ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ လက်ရည်စစ်ပွဲ တွင် (၈)ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်ရသူ (၄)ဦး လက်ရည်စစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
BWF ၏ ပွဲစဉ်ရေးဆွဲထားမှုအရ သက်ထားသူဇာသည် လက်ရည်စစ်ပွဲတွင် ပြင်သစ်နိုင်ငံသူ ဟိုယော့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဟိုယော့သည် လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၇၁)ရှိသူဖြစ်ပြီး သက်ထားသူဇာမှာမူ ကမ္ဘာ့အဆင့် (၇၆) နေရာတွင် ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
