ရုရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောကစားသမား ဘရစ်တနေးဂရီနာက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုလိုက်ပြီဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။
အိုလံပစ်ရွှေတံဆိပ်ဆု နှစ်ကြိမ်ရရှိထားသည့် ဂရီနာ (၃၁ နှစ်) သည် ဖေဖော်ဝါရီ ၁၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့အနီးရှိ လေဆိပ်၌ ခရီးဆောင်အိတ်အတွင်း ဆေးခြောက်အဆီဖြင့်ပြုလုပ်ထားသည့် Vape အပိုပစ္စည်း တရားမဝင်ယူဆောင်မှုဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ၎င်းအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲဆိုထားပြီး ကြားနာစစ်ဆေးမှုတွင် ဂရီနာက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
"ကျွန်မ အထုပ်အပိုးတွေကို အလျင်အမြန်လုပ်ခဲ့ရတာပါ။ အဲဒီဟာတွေက ကျွန်မအိတ်ထဲမှာ မတော်တဆပါလာခဲ့တာပါ" ဟု ဂရီနာက ပြောကြားခဲ့သည်။ ဂရီနာက ၎င်းအား အကူအညီပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ စာရေးသား၍ အကူအညီတောင်းခံထားသလို ဇနီးဖြစ်သူ ချာရယ်လီကလည်း ဂရီနာ ပြန်လည်လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ ကူညီပေးရန် သမ္မတ ဘိုင်ဒင်အား တောင်းဆိုထားသည်။
သမ္မတ ဘိုင်ဒင်ကလည်း ဂရီနာ အမြန်ဆုံးလွတ်မြောက်ရန်အတွက် ကြိုးစားလုပ်ဆောင်နေကြောင်း တုံ့ပြန်ပြောကြားထားသည်။ ရုရှားအာဏာပိုင်များကမူ အမေရိကန်အနေဖြင့် ယခုဖြစ်ရပ်ကို အများပြည်သူအတွင်း ဆူညံကျယ်လောင်စွာ အသံမထွက်စေရန် သတိပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
