နာမည်ကြီး အမေရိကန် YouTuber ဂျိတ်ပေါလ်သည် အမေရိကန် ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား ဟာဆင်ရာမန်ဂျူနီယာနှင့် ပြောင်းလဲထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
ဂျိတ်ပေါလ်သည် မူလက သြဂုတ် ၆ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဗြိတိန်လက်ဝှေ့သမား တွမ်မီဖျူရီနှင့် ထိုးသတ်ရန် စီစဉ်ထားသော်လည်း တွမ်မီမှာ အမေရိကန်သို့ ပြည်ဝင်ခွင့်ငြင်းဆန်ခံရသဖြင့် ယင်းပွဲမှာ ပျက်ပြယ်သွားခြင်းဖြစ်သည်။
၎င်းတို့(၂)ဦးမှာ ပြီးခဲ့သည့် နှစ်ဒီဇင်ဘာလကတည်းက ထိုးသတ်ရန် ပွဲစီစဉ်ခဲ့သော်လည်း တွမ်မီဖျူရီ၏ဒဏ်ရာကြောင့် ပွဲမဖြစ်မြောက်ခဲ့ပေ။
ထို့ကြောင့် ၎င်းနေရာတွင် အစားထိုးရန် ရှာဖွေခဲ့ရာ အမေရိကန် ဟဲဗီးဝိတ်တန်း ဟာဆင်ရာမန်ဂျူနီယာနှင့် ထိုးသတ်ရန်သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။ ရာမန်ဂျူနီယာသည် ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း ဟာဆင်ရာမန်၏သား ဖြစ်ပြီး ၁၃ ပွဲထိုးသတ်ရာ ၁၂ ပွဲ အနိုင်ရထားသည်။ ဂျိတ်ပေါလ်မှာလည်း ပရော်ဖက်ရှင် နယ်လက်ဝှေ့ပွဲ ငါးပွဲစလုံး အနိုင်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
