မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဒဏ်ရာရကစားသမားအချို့ ရှိနေသော်လည်း လက်ဘနွန်နှင့်ပွဲတွင် ရလဒ်ကောင်းမည်ဟု ယုံကြည်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဦးမျိုးလှိုင်ဝင်းက ''ပြိုင်ဘက်လက်ဘနွန်က ဒီကိုမလာခင် ထိုင်းအသင်းနဲ့ ခြေစမ်းခဲ့ပြီး ဂိုးမရှိသရေကျထားပါတယ်။ အဲဒီပွဲကို ကျွန်တော်တို့ Video Analysis သေချာလုပ်ကြည့်ပြီးတော့ နည်းစနစ်ပိုင်း ပြင်ဆင်ထားပါတယ်။ လက်ဘနွန်က အရပ်အမောင်းမြင့်မားပြီး ကြံ့ခိုင်မှုလည်း ကောင်းပါတယ်။ သူတို့နဲ့ ခြေစမ်းရတာ ကျွန်တော်တို့အတွက် အများကြီးအကျိုးရှိပါတယ်။ အာဆီယံချန်ပီယံရှစ် ပွဲဦးထွက်မှာ အင်ဒိုနဲ့တွေ့ရမှာဆိုတော့ သူတို့နဲ့ ခြေစွမ်းသိပ်မကွာတဲ့ လက်ဘနွန်အသင်းနဲ့ ခြေစမ်းရတာ အာဆီယံချန်ပီယံရှစ်အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုပါ။ အသင်းမှာ ဒဏ်ရာရကစားသမားတချို့ ရှိနေသေးပေမဲ့ ပွဲထွက်ကစားနိုင်မယ့် ကစားသမားတွေအားလုံး ရလဒ်ကောင်းတစ်ခုရအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၁၉) ရက်(ယနေ့) ညနေ(၅) နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာအသင်းနှင့် လက်ဘနွန်အသင်းသည် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် ဒုတိယမြောက် ခြေစမ်းပွဲကစားခြင်းဖြစ် ပြီး နိုဝင်ဘာ(၁၄) ရက်တွင် မြန်မာအသင်းက စင်ကာပူအသင်းနှင့် အဝေးကွင်း၊ လက်ဘနွန်အသင်းက ထိုင်းအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
