◘ တရုတ် - ဂျပန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက် ညနေ ၆း၃၀ နာရီ)
ဂျပန်အသင်းက အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်မှာ မရဏအုပ်စုထဲ ကျရောက်နေပေမဲ့ ဖိအားမရှိဘဲ အေးအေးဆေးဆေး ဖြတ်သန်းနေတယ်။ ဒါ့အပြင် တရုတ်အ သင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ၁၉၉၈ ခုနှစ်ကတည်းက အိမ်ကွင်း၊ အဝေးကွင်း တောက်လျှောက်အနိုင်ကစားထားခဲ့တယ်။ အန်ဒို၊ မီနာမီနို၊ ကာမာဒါ၊ မီတိုမာ၊ ဒိုအန်၊ မော်ရီတာတို့ရဲ့စုဖွဲ့မှုကလည်း အာရှဒေသမှာ ပြိုင်ဘက်အသင်းတွေထက် နှာတစ်ဖျားသာနေတဲ့ အနေအထားဖြစ်စေတယ်။ တရုတ်အသင်းကတော့ အင်ဒိုနီးရှား၊ ဘာရိန်းတို့ကို ဆက်တိုက်အနိုင်ယူပြီးနောက် တိုက်ရိုက်ဝင်ခွင့် နှစ်နေရာအတွက်ကစားရမယ့် စတုတ္ထအဆင့်ကို တက်ရောက်ဖို့ မျှော်လင့်လာနိုင်တယ်။ ပထမအကျော့လောက်တော့ တရုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်မယ်မထင်ဘူး။ တရုတ်နဲ့ စွန့်စားတာပိုကောင်းမယ်။
◘ အင်ဒိုနီးရှား - ဆော်ဒီအာရေဗျ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက် ညနေ ၆း၃၀ နာရီ)
နှစ်ပွဲဆက်ရှုံးပြီးနောက် အင်ဒိုနီးရှားအသင်း စိတ်ဓာတ်ပိုင်း အနည်းငယ်လျော့ကျသွားနိုင်တယ်။ ဆော်ဒီအာရေဗျအနေနဲ့ နည်းပြသစ် ဟွန်းနတ်လက်ထက် နိုင်ပွဲစယူနိုင်ဖို့ လိုအပ်နေပြီ။ ဆော်ဒီပဲ နိုင်ဖို့များတယ်။
◘ ဘာရိန်း - သြစတြေးလျ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ဝဝး၄၅ နာရီ)
သြစတြေးလျအသင်းအနေနဲ့ ပထမအကျော့ အိမ်ကွင်းရှုံးကြွေးကို ပြန်ဆပ်နိုင်မှ တော်ကာကျမယ်။ သြစတြေးလျမှာ ရှုံးကြွေးဆပ်နိုင်လောက်တဲ့ အင်အားမျိုးလည်းရှိတယ်။ သြစတြေးလျပဲ နိုင်ဖို့များတယ်။
◘ ပါလက်စတိုင်း - တောင်ကိုရီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက် ည ၈း၃၀ နာရီ)
ပါလက်စတိုင်းက ပထမအကျော့မှာ တောင်ကိုရီးယားကို တစ်ပွဲတည်းသောသရေပွဲ ကြုံတွေ့စေခဲ့တဲ့အသင်းပါ။ အခုပွဲကိုတော့ ကြားကွင်း ဂျော်ဒန်မှာ ကစားပါလိမ့်မယ်။ တောင်ကိုရီးယားပဲ ကြိုက်တယ်။
◘ ယူအေအီး - ကာတာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက် ည ၁ဝး၃၀ နာရီ)
ပထမအကျော့မှာတော့ ကာတာအသင်း အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတယ်။ ဒါပေမဲ့ ဥဇဘက်ကစ္စတန်ကို အနိုင်ကစားလိုက်လို့ ကာတာ ယုံကြည်မှုပြန်မြင့်လာနိုင်တယ်။ ကာတာ အမှတ်ရမယ်။
◘ ကာဂျစ္စတန် - အီရန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက် ည ၁ဝး၃၀ နာရီ)
အီရန်အသင်းက ဥဇဘက်ကစ္စတန်ကိုသာ သရေကျခဲ့ပြီး ကျန်လေးပွဲစလုံး အနိုင်ကစားခဲ့တယ်။ အီရန်အသင်း ဂိုးပြတ်နိုင်ဖို့များတယ်။
◘ အခြားပွဲစဉ်များ
မြောက်ကိုရီးယား - ဥဇဘက်ကစ္စတန်*
*အိုမန် - အီရတ်
ကူဝိတ် - ဂျော်ဒန်*
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
