ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးမီက မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှား ကင်းရှင်းကြောင်း သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်ကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက် အရ သက်ဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်း ခွင့်ပြုမည်ဖြစ်ကြောင်း တရုတ်သံရုံးက သတင်း ထုတ်ပြန်သည်။
တရုတ်နိုင်ငံသို့ နာနတ်သီးအများဆုံး တင်ပို့သည့်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၃ ရာခိုင်နှုန်းရှိပြီး ဂျပန် နိုင်ငံမှာ ၃၀ ရာခိုင်နှုန်းနှင့် ကိုရီးယားနိုင်ငံ သည် ၁၄ ရာခိုင်နှုန်း တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နာနတ်သီးကို ဒေသမရွေး စိုက်ပျိုးနိုင်ပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်၊ ပြင်ဦးလွင် အစရှိသည့်ဒေသများတွင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
