ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံး တော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိထားကြောင်း ရွှေတိဂုံစေတီဂေါ ပကအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၃၁ ရက်အထိ ရွှေစင် ခြောက်ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် တစ်ကျပ် သား ၄၂၇၂ ချပ် စုစုပေါင်း ၄၇၃၉ ချပ် အလှူခံ ရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များ ကိုယ်တိုင်တင်လှူပူဇော်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၉ ရက်မှစတင်၍ ၀ါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကာ ရွှေပြားသင်္ကန်းတော်များ စတင ်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြောကြား သည်။
ရွှေစင်ရွှေပြားကပ်လှုပူဇော်ပွဲကို နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပြီး ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဂေါပကအဖွဲ့တို့က ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် သြဝါဒါစရိယ ဆရာတော်ကြီး များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးတို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူ ဒါန်းကြပြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပါဠိတက္က သိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာ ယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သ.စ. အ ဓမ္မာစရိယဝဋံသကာပါဠိပါရဂူ စေတိယင်္ဂဏ သိရီပဝရမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေ ကြကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ရွှေစင်ရွှေပြားသင်္ကန်းတော်များ ပင့်ဆောင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော်အား လက် ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ပြီး ပန်း ရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
