ဂန္တဝင်ဘောလုံးကစားသမား ဒီရေဂိုမာရာဒိုနာမှသည် စာရေးဆရာ ဂျွန်လီကာရေးနှင့် အမေရိကန်တရားရုံးချုပ်တရားသူကြီး ရုသ်ဘေဒါဂင် စဘာ့ဂ်တို့အပါအဝင် ၂၀၂၀ ပြည့်နှစ်အတွင်း ထင်ရှားကျော်ကြားသူများစွာ ကွယ်လွန်ခဲ့သည်။
ဇန်နဝါရီ (၁၀)
ဝေးလံခေါင်သီသော အာရေဘီးယန်းကျွန်းဆွယ်ဒေသကို ခေတ်မီနိုင်ငံအဖြစ် ပြောင်းလဲတည်ဆောက်ပေးခဲ့သော အိုမန်ပင်လယ်ကွေ့နိုင်ငံ ဘုရင် ကာဘိုစ်သည် အသက် ၇၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဇန်နဝါရီ (၂၆)
အသက် ၄၁ နှစ်အရွယ်ရှိ အမေရိကန်ဂန္ထဝင်ဘတ်စ်ကက်ဘောကစားသမား ကိုဘီဘရိုင်ယန့်သည် လော့စ်အင်ဂျလိစ် အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားသော ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ (၂၅)
၂၀၁၀ ပြည့်နှစ်အတွင်း အာရပ်နွေဦးတော်လှန်ရေးကြောင့် အာဏာမှ ဖယ်ရှားခံခဲ့ရသည့် အီဂျစ်သမ္မတဟောင်း ဟိုစ်နီ မူဘာရက်သည် စစ်ဆေးရုံ၌ ကုသမှု ခံယူနေစဉ် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
မေ (၃၁)
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Pont Neuf တံတားနှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Reichstag အဆောက်အအုံစသော ဗိသုကာလက်ရာမြောက်အထင်ကရ အဆောက်အအုံများကို ဖန်တီးတည်ဆောက်မှုဖြင့် ထင်ရှားသည့် ဗိသုကာပညာရှင် ခရစ်တိုဗလာဒီမီရော့ဖ်ဂျာဗာချက်ဖ်သည် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဇွန် (၈)
ဘူရွန်ဒီနိုင်ငံကို ၂၀၀၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သော သမ္မတဟောင်း ပီရေးအန်ကူရန်ဇီဇာသည် နှလုံးရောဂါဖြင့် အသက် ၅၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဇူလိုင် (၈)
အသက် ၆၁ နှစ်အရွယ် အိုင်ဗရီကို့စ်ဝန်ကြီးချုပ် အမာဒူဂွန်ကိုလီဘာလီသည် ရုတ်တရက်နှလုံးဖောက်မှုဖြင့် သေဆုံးသွားခဲ့ခြင်းကြောင့် အိုင်ဗရီကို့စ်တွင် နိုင်ငံရေးဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပွားခဲ့သည်။
သြဂုတ် (၂၄)
ကွန်ဂိုနိုင်ငံ၏ ပထမဆုံးပါတီစုံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကွန်ဂိုသမ္မတဟောင်း ပါစကယ်လီစိုဘာသည် အသက် ၈၈ နှစ်အရွယ်တွင် ပြင်သစ်၌ ကွယ်လွန်ခဲ့သည်။
စက်တင်ဘာ (၂)
ကမ္ဘောဒီယားတွင် ခမာနီလူမျိုးတုံးသတ်ဖြတ်မှုကို ကြီးကြပ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်ခဲ့သည့် ထောင်မှူး Kaing Guek Eav (အသက် ၇၇ နှစ်) သည် အကျဉ်းထောင်ထဲတွင် ကွယ်လွန်ခဲ့သည်။
စက်တင်ဘာ (၁၈)
အမေရိကန်တရားရုံးချုပ်တရားသူကြီးဖြစ်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ရုသ်ဘေဒါဂင်စဘာ့ဂ်သည် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
အောက်တိုဘာ (၄)
Kenzo ကုန်အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားသည့် ဖက်ရှင်ဒီဇိုင်နာ ကင်ဇိုတာကာဒါသည် COVID-19 ရောဂါဖြင့် အသက် ၈၁ နှစ်အရွယ်တွင် ပါရီ၌ ကွယ်လွန်ခဲ့သည်။
နိုဝင်ဘာ (၁၁)
ကမ္ဘာပေါ်တွင် ဝန်ကြီးချုပ်ရာထူးကို ကာလအရှည်ကြာဆုံးထမ်းဆောင်ခဲ့သူဖြစ်သည့် ဘာရိန်းဝန်ကြီးချုပ်ဟောင်း ခါလီဖာဘင်ဆယ်မန်အယ်ခါလီဖာသည် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
နိုဝင်ဘာ (၁၂)
ဂါနာနိုင်ငံကို နှစ် ၂၀ ကြာ အုပ်ချုပ်ခဲ့သော ဂါနာသမ္မတဟောင်း ဂျယ်ရီရောလင်းစ်သည် အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
နိုဝင်ဘာ (၂၅)
အာဂျင်တီးနား ဂန္ထဝင်ဘောလုံးကစားသမား ဒီရေဂိုမာရာဒိုနာသည် အသက် ၆၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဒီဇင်ဘာ (၂)
ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုပေးခဲ့သူ ပြင်သစ်သမ္မတဟောင်း Valery Giscard d’Estaing သည် အသက် ၉၄ နှစ်အရွယ်တွင် COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ဒီဇင်ဘာ (၁၂)
နာမည်ကျော်စုံထောက်ဝတ္ထုများဖြင့် ထင်ရှားကျော်ကြားသော စာရေးဆရာ ဂျွန်လီကာရေး (အမည်ရင်း ဒေးဗစ်ကွန်ဝဲလ်) သည် အသက် ၈၉ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
