Top News

လာမည့် သီတင်းပတ်မှစ၍ ဂျပန်က နိုင်ငံသား မဟုတ်သူများ အားလုံးကို ပြည်ဝင်ခွင့် ပိတ်ပင်မည်
24htopnews | November 20, 2024 8:13 AM CST

ဂျပန်သည် ပြည်ပမှ ဝင်ရောက်လာမည့် ဂျပန်နိုင်ငံသား မဟုတ်သူများအားလုံးကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီနှောင်းပိုင်းအထိ ပြည်ဝင်ခွင့် ပိတ်ပင်ထားမည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက် မထွက်မီအချိန်က ဂျပန်သည် နိုင်ငံတွင်းသို့ ပြည်ပနိုင်ငံအများစုမှ နိုင်ငံခြားသားများ ဝင်ရောက်မှုကို ကန့်သတ်ခဲ့ပြီး နိုင်ငံသို့ ရောက်ရှိလာသည့် ပြည်ပခရီးသွားများ အားလုံးကို အသွားအလာ စောင့်ကြည့်မှုများ ခံယူစေခဲ့သည်။

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများမှ နိုင်ငံခြားသားများနှင့် ဂျပန်ခရီးသွားများအနေဖြင့် ဂျပန်သို့ မဝင်ရောက်မီ ၇၂ နာရီအတွင်း စစ်ဆေးထားသော COVID-19 စစ်ဆေးချက် Negative ရလဒ် အထောက်အထားကို တင်ပြရမည် ဖြစ်ကာ ဂျပန်လေဆိပ်သို့ ရောက်ရှိလျှင်လည်း COVID-19 စစ်ဆေးမှုကို ထပ်မံ ခံယူရမည်ဖြစ်ကြောင်း ဂျပန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာထားခဲ့ပြီး လက်ရှိတွင် ထိုစီမံချက်များကို ပိုမိုတင်းကျပ်ရန် စီစဉ်နေသည်။

ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေသော ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့ဖူးသော ခရီးသွားများမှလွဲ၍ ဗီဇာ ကိုင်ဆောင်ထားသည့် ကျန်ပြည်ပ ခရီးသွားများကိုမူ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။ ဂျပန်တွင် ဗြိတိန်မှ ဝင်ရောက်လာသူ ငါးဦး၌ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK