Top News

အဖြေရှာ၍ မရသေးသော ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်
24htopnews | November 20, 2024 8:13 AM CST

သိပ္ပံပညာရှင်အများအပြားသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်မှုနှုန်းကိုလျှော့ချရန်အတွက် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိရန် ကြိုးပမ်းနေချိန်တွင် အခြားသုတေသီများသည် ကိုရိုနာဗိုင်းရပ်စ် မည်သို့ မည်ပုံပေါ်ပေါက်လာသည်ကို အတိအကျ သိရှိနိုင်ရန် အတိတ်ကာလများကို ခြေရာခံ၍ စုံစမ်းမှုများ လုပ်ဆောင်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို ခြေရာခံရန်သိပ္ပံပညာရှင် ၁၀ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းသိပ္ပံပညာရှင်များသည် သံသယဖြစ်ဖွယ် တိရစ္ဆာန်များနှင့် ပထမဆုံးဗိုင်းရပ်စ်လူနာများက မည်သို့မည်ပုံကူးစက်ခံခဲ့ရသည် ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

“ ကျွန်တော်တို့တွေ ဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို သိရှိနိုင်အောင် တတ်နိုင်သမျှအားလုံး လုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ အောင်မြင်နိုင်ခြေ ရှိ၊ မရှိ သေချာပေါက်မပြောနိုင်သေးပါဘူး” ဟု WHO အကြီးအကဲ တက်ဒရို အာဒါနွန် ဂီဘရီယေဆုက ဒီဇင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုအရင်းအမြစ်

လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့သည်။

ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခဲ့သည်ဟု ယူဆကြောင်း WHO က ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း၌ နိုင်ငံအများအပြားမှ သုတေသီများက ဗိုင်းရပ်စ်သည် ၂၀၁၉ ဒီဇင်ဘာ မတိုင်ခင်ကတည်းကဖြစ်ပေါ်နေပြီး သတိမထားမိခဲ့ခြင်းဖြစ်ကြောင်း သွေးနမူနာများ စိစစ်ချက်ပေါ်အခြေခံပြီး ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းအဆိုပြုချက်ကို ခိုင်လုံကြောင်းပြသရန် သက်သေအထောက်အထားမရှိကြောင်း ပါရီမြို့တော်ရှိ Pasteur သုတေသနဌာနမှ Etienne Simon-Loriere က ပြောကြားခဲ့သည်။

လူသားများအား ကူးစက်ခြင်း

ကိုရိုနာဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှ စတင်ပေါ်ပေါက်သည်ဟု သိပ္ပံပညာရှင်များက လက်ခံကြသည်။

“ ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေကနေ လူတွေကိုဘယ်လိုကူးစက်လာသလဲဆိုတာကတော့ အဓိကမေးခွန်း ထုတ်စရာဖြစ်နေတယ်” ဟု Loriere က ဆိုသည်။ အဓိကသံသယဖြစ်ဖွယ် တိရစ္ဆာန်ကတော့ လင်းနို့များ ဖြစ်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

သို့သော် သိုးများသည် ဗိုင်းရပ်စ်ကိုလူသားများထံ ကူးစက်စေခဲ့သည့် ကြားခံတိရစ္ဆာန်များဖြစ်နိုင်ခြေရှိသည်ဟု ယူဆထားကြသည်။ ထို့ပြင် မျိုးဗီဇလေ့လာမှုများအရ သင်းခွေချပ်များသည်လည်း ဗိုင်းရပ်စ်ပိုး သယ်ဆောင်သူများဖြစ်သည်ဟူ၍ ယူဆချက်များထွက်ပေါ်လာသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ မြွေပါ များကဲ့သို့အချို့တိရစ္ဆာန်များသည်လည်း  လူသားများကိုကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗိုင်းရပ်စ်သည် တရုတ်၏ ဇီဝဓာတ်ခွဲခန်းမှယိုစိမ့်ထွက်လာသည်ဟု စွပ်စွဲပြောကြားထားပြီး တရုတ်ကမူ ယင်းစွပ်စွဲမှုများကို ငြင်းဆိုထားသည်။

စကားဝှက်ကို ဖော်ထုတ်ခြင်း

ကပ်ရောဂါအစကိုဖော်ထုတ်သိရှိလျှင် လူသားများကိုနောက်ထပ် ကပ်ရောဂါကူးစက်မှုများမှ ကာကွယ်စေနိုင်လိမ့်မည်ဟု WHO က ဆိုသည်။

သို့သော် တိရစ္ဆာန်များမှ ရောဂါမည်သို့ ကူးစက်လာသည့်စကားဝှက်ကို အဖြေထုတ်ရာတွင်နှစ်ပေါင်းများစွာ အချိန်ယူဖြေရှင်းရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

မူလဇာစ်မြစ်ကို သိရှိပြီးရှောင်ကြဉ်သင့်သည်များကို သိရှိထားမှသာ ကပ်ရောဂါကို အဆုံးသတ်နိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် ၂၀၀၂ ခုနှစ်က SARS ကပ်ရောဂါအတွင်း ဗိုင်းရပ်စ်ကြားခံကူးစက်မှုဖြစ်သည့် ကြောင်ကတိုးများကို စားသုံးရန် ပိတ်ပင်လိုက်ခြင်း လူသားများ ကိုဗိုင်းရပ်စ်ထပ်မံကူးစက်မှုမှ တားဆီးကာကွယ်ရာတွင် အကူအညီဖြစ်စေခဲ့သည်ဟု Loriere က ပြောကြားခဲ့သည်။


READ NEXT
Cancel OK