ရုရှားနိုင်ငံ၏ COVID-19 ကာကွယ်ဆေး Sputnik V အလုံးရေ ၃၀၀,၀၀၀ ခန့်ကို အာဂျင်တီးနားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ရက်တွင် ရုရှားပြည်သူ အများအပြားက လူမှုမီဒီယာထက်တွင် COVID-19 ကာကွယ်ဆေး ပြည်ပသို့ တင်ပို့မှုများနေသည့် ကိစ္စအပေါ် စိုးရိမ်သည့် အကြောင်းအရာများကို ရေးတင်ခဲ့ကြပြီး ပြည်တွင်း၌ ကာကွယ်ဆေး လုံလုံလောက်လောက် ရှိစေရန် စီစဉ်ထားသင့်ကြောင်း ပြောကြားခဲ့ကြသည်။
တစ်နိုင်ငံလုံးအနှံ့ COVID-19 ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မော်စကိုမြို့တွင် ကာကွယ်ဆေး အဆင်သင့်ရရှိနေပြီ ဖြစ်သော်လည်း ရုရှား၏ ကျန်နယ်မြေဒေသများသို့ ကာကွယ်ဆေး အရေအတွက် အနည်းငယ်ကိုသာ ပေးပို့ထားပြီး ဒေသအများအပြားတွင် Sputnik V ကာကွယ်ဆေး အရေအတွက် ၂,၀၀၀ သို့မဟုတ် ထိုထက်နည်းသော ပမာဏကိုသာ ရရှိထားသည်။
နော့ဗ်ဂေါ်ရတ်မြို့တွင် ဒေသခံများအား ထိုးနှံပေးရန်အတွက် Sputnik V ကာကွယ်ဆေး ၆၀၀ ခန့်သာ ရရှိထားကြောင်း၊ ကာလီနင်ဂရတ်မြို့သည် ကာကွယ်ဆေး အလုံးရေ ၄၀၀၊ ဆာမာရာမြို့သည် ကာကွယ်ဆေး ၂,၇၅၁ လုံးသာ ရရှိထားကြောင်း Interfax သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
“ဆာမာရာမြို့ကို ပို့ထားတဲ့ ကာကွယ်ဆေးက အလုံးရေ သုံးထောင်မပြည့်ဘူး။ အာဂျင်တီးနားကိုတော့ ကာကွယ်ဆေး သုံးသိန်းပို့တယ်။ တော်တော်အံ့သြဖို့ကောင်းတယ်” ဟု ရုရှားနိုင်ငံသားတစ်ဦးက Twitter တွင် ရေးသားခဲ့သည်။
ဒေသအများအပြားတွင် ကာကွယ်ဆေး ပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများကို ရုရှားကျန်းမာရေး ဝန်ကြီးဌာနက မှတ်ချက်ပြုခြင်း မရှိသေးပေ။
ဥရောပ၊ အမေရိကန် အပါအဝင် ချမ်းသာသည့်နိုင်ငံများက အမျိုးမျိုးသော COVID-19 ကာကွယ်ဆေးများကို အရေအတွက် သန်းရာနှင့်ချီ ဝယ်ယူနေကြစဉ် ဆင်းရဲသောနိုင်ငံများသည် ကာကွယ်ဆေး ရရှိနိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေရခြင်းကြောင့် COVID-19 ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးအနှံ့ အညီအမျှ ရရှိနိုင်ရန် အချက်သည် အဓိကကိစ္စရပ် ဖြစ်လာခဲ့သည်။
ရုရှားသည် Sputnik V ကာကွယ်ဆေး ရောင်းချရန်အတွက် ပြည်ပနိုင်ငံ အများအပြားနှင့် သဘောတူညီချက်များ ရရှိထားပြီး ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့က ကြေညာထားသည်။ အာဂျင်တီးနားနှင့် ဘီလာရုစ်နိုင်ငံတို့က ရုရှား၏ Sputnik V ကာကွယ်ဆေးကို တရားဝင် အသုံးပြုခွင့် ပေးထားသည်။
ရုရှားနိုင်ငံသားများသည် အဓိက ဦးစားပေးဖြစ်ကြောင်း၊ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်မှုသည် ရုရှားနိုင်ငံသားများ၏ လိုအပ်ချက်များကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီသရီပီစကော့ဗ်က ဆိုသည်။
ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) သည် အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်၊ ဘရာဇီးတို့တွင် ကာကွယ်ဆေး ကုမ္ပဏီများနှင့် ကာကွယ်ဆေး ထုတ်လုပ်ရေး သဘောတူညီချက်များ ရယူထားသည်။
ရုရှား၌ သို့မဟုတ် ပြည်ပ၌ ထုတ်လုပ်သော Sputnik V ကာကွယ်ဆေး ၁၀ သန်း၏ ပထမဆုံးဝေစုကို အာဂျင်တီးနားသို့ ပေးပို့ခဲ့ခြင်း ရှိ၊ မရှိကို RDIF က အတည်မပြုခဲ့ပေ။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
