ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၆ ရက်တစ်နေ့တည်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၀ ဦးရှိခဲ့ပြီး ထိုအရေအတွက်ထဲမှ ၆၄ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကာ ထိုင်းအနောက်တောင်ပိုင်း ဆမုဆာခွန်ပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သည့် မဟာချိုင်စျေးနှင့် ဆက်နွှယ်နေသူများ ဖြစ်ကြောင်း COVID-19 အထူးတာဝန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
COVID-19 အတည်ပြုလူနာ ၁၁၀ ထဲမှ ၃၀ မှာ ရွှေ့ပြောင်း အလုပ်သမားများဖြစ်ပြီး ၁၆ ဦးမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်ကြောင်း COVID-19 အထူးတာဝန်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် တာဝီဆင်းဝီဆာနုယိုထင်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
မြို့တော်ဘန်ကောက်အနီးရှိ ဆမုဆာ ခွန်ပြည်နယ်တွင် ပင်လယ်စာရောင်းချသော မဟာချိုင်စျေး၌ အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့သည်။
ထိုင်းနိုင်ငံ၌ ဝင်ငွေနိမ့်အလုပ်နေရာ သန်းနှင့်ချီတွင် အလုပ်လုပ်ကိုင်နေကြသူ အများစုမှာ ဓနအင်အား နည်းပါးသည့် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံတွင် ပင်လယ်စာ အများအပြား ရောင်း၊ ဝယ်ရာ နေရာဖြစ်သော မဟာချိုင်စျေးအနီးတွင် ထိုင်းနိုင်ငံသားများလည်း နေထိုင်အလုပ်လုပ်ကိုင် လျက်ရှိပြီး ရောဂါပိုး ကူးစက်ပျံ့နှံ့မှု စတင်ခဲ့သော ဒီဇင်ဘာ ၂၀ ရက်ကတည်းက ယင်းစျေးတွင် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား ၁,၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက် ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။
ပိုးတွေ့လူနာများနှင့် ထိတွေ့မိခဲ့သူများကို ခြေရာခံရှာဖွေသူများက မဟာချိုင်စျေးတွင် အသား၊ ငါး ရောင်းချသူများ၏ အဓိက ဖောက်သည်များကို ရှာဖွေစစ်ဆေးနေပြီး လူ ၁၀,၀၀၀ ကို ရောဂါပိုး စစ်ဆေးထားပြီးဖြစ်သည်။ မဟာချိုင်စျေးနှင့် ဆက်နွှယ်၍ ဗိုင်းရပ်စ်ကူးစက် ခံရသူများကို ပြည်နယ် ၂၇ ခုတွင် စစ်ဆေးတွေ့ရှိထားကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုများ ဖြစ်ပွားနေချိန်တွင် တစ်နိုင်ငံလုံးအနှံ့ Lockdown ချရန်မလိုအပ်ဘဲ ပြည်နယ်အလိုက် ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက်များ ချမှတ်ခြင်းဖြင့် COVID-19 ရောဂါကူးစက် ပြန့်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရောဂါပိုးကူးစက် ပျံ့နှံ့နေမှုကို အစိုးရအဖွဲ့က အကောင်းဆုံး ထိန်းချုပ်ဆောင်ရွက် ပေးသွားလိမ့်မည်ဟု မိမိအနေဖြင့် အခိုင်အမာ ပြောကြားလိုကြောင်း၊ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ထိုင်းအစိုးရအဖွဲ့၏ COVID-19 ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ဗဟိုဌာနတွင် ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် ထုတ်လွှင့်သော ရုပ်သံမိန့်ခွန်းအတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။
နိုင်ငံအတွင်း COVID-19 ရောဂါ စတင်ကူးစက်ဖြစ်ပွားချိန်မှ ဒီဇင်ဘာ ၂၅ ရက်အထိ ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက ်စုစုပေါင်း ၆၀,၂၀ ဦးရှိပြီး လူ ၆၀ သေဆုံးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
