ဥရောပသမဂ္ဂနိုင်ငံများသည် ဗြိတိန်တွင် တွေ့ရှိသော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် အသွားအလာ ကန့်သတ်ပိတ်ပင်မှုများ ထပ်မံချမှတ်ရန် ကြုံတွေ့နေချိန်တွင် ၎င်းနိုင်ငံများသည် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံရန်အတွက် ကာကွယ်ဆေးများကို ဒီဇင်ဘာ ၂၆ ရက်၌ စတင်ဖြန့်ချိနေပြီ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူ ၁.၇ သန်းကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက် နေသော်လည်း မကြာသေးမီက ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များသည် ၂၀၂၁ ခုနှစ်တွင် နဂိုမူလအခြေအနေကို ပြန်လည်ရောက်ရှိ လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ပြင်သစ်တွင် ပထမဆုံးဗိုင်းရပ်စ် ကာကွယ်ဆေးမထိုးနှံမီ နာရီပေါင်းများစွာအလို ဒီဇင်ဘာ ၂၅ ရက်တွင် ပါရီကျန်းမာရေးဝန်ကြီးက ဗြိတိန်မှ ပြန်လာသော ပြင်သစ်နိုင်ငံသား တစ်ဦးတွင် ကူးစက်မြန် ဗိုင်းရပ်စ်မျိုးဗီဇသစ်တစ်ရပ် ကူးစက်ခံထားရကြောင်း ပထမဆုံး တွေ့ရှိခဲ့သည်ဟု အတည်ပြု ထုတ်ပြန်ခဲ့သည်။
နိုင်ငံအများအပြားတွင်လည်း ယင်းကူးစက်မြန် ဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက်ခံရသူများကို တွေ့ရှိခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ်က ပြည်သူများကို နေအိမ်အတွင်း၌သာ နေထိုင်ကြရန် တောင်းဆိုမှုကြောင့် နှစ်စဉ်ပြုလုပ်နေကြ ခရစ္စမတ်ပွဲတော်အပြီး စျေးရောင်းပွဲများတွင် လူများနည်းပါးလျက်ရှိသည်။
“စတိုးဆိုင်တွေထဲမှာ စျေးဝယ်သူ ၁၀ ယောက်တောင် မပြည့်ဘူး” ဟု စျေးဝယ်သူ လီယာဂူနာဝမ်က Sydney Morning Herald သတင်းဌာနကို ပြောကြားခဲ့သည်။
ဥရောပနိုင်ငံအချို့တွင် ခရစ္စမတ်လွန် ကာလအတွင်း တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ရန် လုပ်ဆောင်နေချိန် တရုတ်ကွန်မြူနစ်အစိုးရက ပြီးခဲ့သည့်နှစ် ဟူဘေးပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ်ကို ကိုင်တွယ်ထိန်းချုပ်ရာတွင် အလွန့်အလွန် အောင်မြင်မှုကြီး ရရှိခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ထုတ်ပြန်ခဲ့သည်။
ဥရောပ ဆေးဘက်ဆိုင်ရာ အေဂျင်စီ (EMA) က Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၁ ရက်တွင် အရေးပေါ် အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် ဥရောပသမဂ္ဂ ၂၇ နိုင်ငံလုံးသည် ဒီဇင်ဘာ ၂၇ ရက်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံသွားမည်ဖြစ်သည်။
“ကပ်ရောဂါကို အဆုံးသတ်ဖို့အတွက် ကမ္ဘာတစ်ဝန်းလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ချိသွားနေပါပြီ။ ဒါပေမဲ့ တစ်ကမ္ဘာလုံး ကာကွယ်ဆေး ထိုးနှံပြီးစီးရန် အချိန်ကာလတစ်ခု ကြာမြင့်ဦးမှာ ဖြစ်တယ်ဟု WHO အကြီးအကဲ တီဒရိုအက်ဒါနွန် ဂီဘရီယေဆုက ဒီဇင်ဘာ ၂၅ ရက်၌ သတိပေး ပြောကြားခဲ့သည်။
“နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အဖြေတစ်ခုကို ရှာဖွေရာမှာ ပြိုင်ဆိုင်မနေကြဘဲ တစ်ကမ္ဘာလုံးရှိ လူသားအားလုံးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ္စမတ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
