နိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေချိန်တွင် ပြည်နယ်အလိုက် ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက်များ ချမှတ်ခြင်းဖြင့် တစ်နိုင်ငံလုံးအနှံ့ lockdown ချစရာမလိုဘဲ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးသွားလိမ့်မည် ဖြစ်ကြောင်း၊ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ပါက ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုထားကြောင်း ထိုင်းအစိုးရအဖွဲ့၏ COVID-19 ပူးပေါင်းညှိနှိုင်းဆောင်ရွက် ရေးဗဟိုဌာနတွင် ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် ထုတ်လွှင့်သော ရုပ်သံမိန့်ခွန်းအတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။
တိုးတက်ကောင်းမွန်သော ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံများ ရှိမှု၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် အခြားသော ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းများကို ပြည်သူများ လိုက်နာဆောင်ရွက် မှုတို့ကြောင့် ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးတွင် အောင်မြင်မှု ရရှိခဲ့သည့် နိုင်ငံဖြစ်သည်။
သို့သော် မြို့တော်ဘန်ကောက်အနီးရှိ ဆမုဆာခွန်ပြည်နယ်၌ ပင်လယ်စာရောင်းချသော စျေးတစ်ခုအတွင်း ပြီးခဲ့သည့်သီတင်းပတ်က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့သည်။ ဆမုဆာခွန်ပြည်နယ် မဟာချိုင်စျေးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အများစုမှာ မြန်မာရွှေ့ပြောင်း လုပ်သားများဖြစ်သည်။
ထိုင်းနိုင်ငံတွင် ပင်လယ်စာ အများအပြား ရောင်းဝယ်ရာ နေရာဖြစ်သော မဟာချိုင်စျေးအနီးတွင် ထိုင်းနိုင်ငံသားများလည်း နေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိပြီး ရောဂါပိုး ကူးစက်ပျံ့နှံ့မှု စတင်ခဲ့သော ဒီဇင်ဘာ ၂၀ ရက်ကတည်းက ယင်းစျေးတွင် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား ၁,၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက် ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။
ပိုးတွေ့လူနာများနှင့် ထိတွေ့မိခဲ့သူများကို ခြေရာခံရှာဖွေသူများက မဟာချိုင်စျေးတွင် အသား၊ ငါး ရောင်းချသူများ၏ အဓိက ဖောက်သည်များကို ရှာဖွေစစ်ဆေးနေပြီး လူ ၁၀,၀၀၀ ကို ရောဂါပိုး စစ်ဆေးထားပြီး ဖြစ်သည်။ မဟာချိုင်စျေးနှင့်ဆက်နွှယ်၍ ဗိုင်းရပ်စ်ကူးစက် ခံရသူများကို ပြည်နယ် ၂၇ ခုတွင် စစ်ဆေးတွေ့ရှိထားကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပိတ်ပင်ကန့်သတ်ချက်များကို ပြည်နယ်အလိုက် ပြဋ္ဌာန်းခြင်းဖြင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရအဖွဲ့က စီစဉ်ထားသည်။
ဆမုဆာခွန်ပြည်နယ်ကို ရောဂါကာကွယ်ထိန်းချုပ်မှု တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရာနေရာအဖြစ် သတ်မှတ်ထားပြီး စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်း အများစုကို ပိတ်ထားသည်။
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၄ ရက် တစ်နေ့တည်းအတွင်း လူ ၆၇ ဦး ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၅,၈၂၉ ဦးရှိလာခဲ့ပြီး လူ ၆၀ သေဆုံးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
