စပါးနှင့် သက်တမ်းတိုးခဲ့ခြင်းမှာ ကွန်တီကြောင့်ဟု လိုရစ် ဖွင့်ဟ
24htopnews | November 20, 2024 1:12 PM CST
စပါးအသင်းခေါင်းဆောင် ဂိုးသမား ဟူဂိုလိုရစ်က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အသင်းနှင့် သက်တမ်းတိုးခဲ့ခြင်းမှာ နည်းပြသစ် ကွန်တီကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လိုရစ်(၃၅ နှစ်)သည် အစောပိုင်းက စပါးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် မတင်မကျဖြစ်နေပြီး လာမည့်နွေရာသီ၌ လမ်းခွဲဖွယ်ရှိကြောင်းလည်း သတင်းထွက်ခဲ့သည်။
သို့သော် ဇန်နဝါရီအပြောင်းအရွှေ့တွင် ၂၀၂၄ ခု နှစ်အထိ သက်တမ်းရှိမည့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေအတွက် လိုရစ်က ''ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ နိမ့်မြင့်တက်ကျတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကွန်တီရောက်လာတဲ့နောက် တိုးတက်မှုရှိလာတယ်လို့ ခံစားရတာကြောင့် သက်တမ်းတိုးခဲ့တာပါ''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
