အနာဂတ်အတွက် မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ရခြင်းမရှိသေးဟု ပေါ့ဘာ ပြောကြား
24htopnews | November 20, 2024 1:12 PM CST
မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက မိမိ၏ အနာဂတ်နှင့်ပတ်သက်ပြီး မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ရခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
ပေါ့ဘာသည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးဖွယ်မရှိတော့ဘဲ PSG၊ ရီးယဲလ်နှင့် ဂျူဗင်တပ်စ်တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
သို့သော် ပေါ့ဘာက ''ကျွန်တော့်အနာဂတ်အတွက် ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါကြောင့် ဘာမှ အဖြေမထွက်သေးပါဘူး။ ကျွန်တော် မနက်ဖြန် ဆုံးဖြတ်နိုင်သလို၊ အပြောင်းအရွှေ့စျေးကွက်ရောက်မှလည်း ဆုံးဖြတ်နိုင်ပါတယ်။ လောလောဆယ် ဒီရာသီကိုပဲ ကောင်းကောင်းအဆုံးသတ်သွားချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
