အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က အိုင်ဗရီကို့စ်နှင့် ကစားမည့် ခြေစမ်းပွဲတွင် ဆွစ်ဇာလန်နှင့်ပွဲ၌ မပါဝင်ခဲ့သည့် ကစားသမားများကို အခွင့်အရေးပေးသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
ဆောက်ဂိတ်သည် ဆွစ်ဇာလန်နှင့်ပွဲတွင် ကစားခဲ့သည့် ပွဲထွက်ကစားသမား(၁၁)ဦးစလုံးကို အပြောင်းအလဲပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရွေးချယ်ထားသည့် ကစားသမားအားလုံးအပေါ် ယုံကြည်မှုရှိကြောင်း ပြသလိုခြင်းဖြစ်သည်ဟု သိရသည်။
ဆောက်ဂိတ်က ''ကျွန်တော်တို့ အပြောင်းအလဲတွေ ပြုလုပ်သွားမှာပါ။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်လို့လည်း ထင်ပါတယ်။ အသင်းလူစာရင်းမှာ ရွေးချယ်ခံထားရတဲ့ ကစားသမားအားလုံးကို ကစားခွင့်ရစေချင်ပြီး ဒါဟာ အသင်းအတွက် ပိုပြီးစုစည်းသွားစေမယ်လို့ ထင်ပါတယ်။ ကစားသမားတွေအနေနဲ့ သူတို့အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ ခံစားရဖို့လည်း လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် အိုင်ဗရီကို့စ်နှင့် ခြေစမ်းပွဲကိုလည်း ဝင်ဘလေကွင်းတွင်ပင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
