တိုက်စစ်မှူးသစ် ခေါ်ယူရန် ကြိုးပမ်းနေသော မန်စီးတီးအသင်းအတွက် ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်းသည် နည်းဗျူဟာပိုင်းအရ အသင့်လျော်ဆုံးတိုက်စစ်မှူးဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး ဘာပေ၊ အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းတို့ထက် ခေါ်ယူသင့်သည်ဟု Ai Abacus က ဖော်ပြခဲ့သည်။
Ai Abacus သည် နည်းစနစ်ပိုင်းကျွမ်းကျင်သူများ ပေါင်းစပ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့က ကစားသမားတစ်ဦးချင်း၏ အချက်အလက်မှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာကာ နှိုင်းယှဉ်သုံးသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နွေရာသီက ဟာရီကိန်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသလို၊ ဘာပေမှာလည်း လာမည့်နွေရာသီတွင် PSG အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်သည်။
ဟော်လန်းမှာ အစောပိုင်းကတည်းက မန်စီးတီးအသင်း၏ နံပါတ်(၁)ပစ်မှတ်ဟု သတင်းထွက်နေခြင်းကြောင့် ၎င်းတို့ (၃)ဦးအား နှိုင်းယှဉ်သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။
Ai Abacus ၏ သုံးသပ်ချက်အရ ဟာရီကိန်းနှင့် ဘာပေတို့သည် ကစားဟန်အရ မန်စီးတီးအသင်းတွင် ပိုမိုမြန်ဆန်စွာ အထိုင်ကျနိုင်သော်လည်း နည်းဗျူဟာပိုင်းအရမူ ဟော်လန်းက မန်စီးတီးအသင်းအတွက် အသင့်လျော်ဆုံး ဖြစ်နေကြောင်း သိရသည်။
ထို့ပြင် ငွေကြေးအရလည်း ဟော်လန်းကို ခေါ်ယူခြင်းမှာ အသက်သာဆုံးဖြစ်မည်ဟု သိရသည်။
ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရမည် ဖြစ်သော်လည်း ကုန်ကျစရိတ်များစွာရှိမည်ဖြစ်ပြီး ဟော်လန်းအတွက်မူ ပေါင်သန်း(၁၀၀)ဝန်းကျင်သာ ကုန်ကျမည်ဟု သိရသည်။
ဟော်လန်းသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ ပါက ပရီးမီးယားလိဂ်၏ လစာအများဆုံးကစားသမား ဖြစ်လာမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
