PSG အသင်းသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းမပြနိုင်ဘဲဖြစ်နေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သတင်းထွက်လာခဲ့သည်။
လူကာကူသည် အင်တာမီလန်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းဟောင်းချယ်လ်ဆီးက ပေါင်(၉၇)သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ရောက်ခါစကာလတွင်သာ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ရုန်းကန်နေရသည်။
လက်ရှိအချိန်၌ ချယ်လ်ဆီးအသင်းမှာ ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်တော့မည်ဖြစ်သော်လည်း နည်းပြ သောမတ်စ်တူဟယ်လ်မှာမူ အသင်းတွင် ဆက်ရှိဖွယ်ရှိနေသည်။
ထို့ကြောင့် လူကာကူအနေဖြင့် အသင်းပြောင်းရွှေ့ရန် အလားအလာများနေရာ လာမည့်နွေရာသီတွင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ဖွယ်ရှိနေသည့် PSG အသင်းက ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
လူကာကူသည် အဲဗာတန်အသင်းတွင် ယှဉ်ပြိုင်ကစားနေစဉ်က PSG အသင်းနှင့် အပြောင်းအရွှေ့သတင်း ထွက်ခဲ့ဖူးပြီး ယင်းအချိန်ကမူ PSG အသင်းသည် ထိပ်တန်းအသင်းဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်ကစားသမားများနှင့်အတူ ကြီးမားသည့်ရည်မှန်းချက်ရှိနေသည့်အသင်းဖြစ်ကြောင်း ပြောကြားကာ PSG အသင်းကို ပြောင်းရွှေ့လိုသည့်သဘောထားကို ပြသခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
