မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် လက်ရှိပရီးမီးယားလိဂ်အသင်းပိုင်ရှင်များအပေါ် ပရိသတ်များထံမှ သဘောထားကောက်ခံခဲ့ရာတွင် ထောက်ခံမဲ (၄.၀၄%)သာရရှိပြီး အနည်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုကို Daily Mail သတင်းစာက တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အသင်း(၂၀)မှ ပရိသတ်(၁၀၀၀၀၀)ကျော် ဝင်ရောက်မဲပေးခဲ့ကြကြောင်း သိရသည်။
ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် မန်ယူပရိသတ်(၁၀၅၀၀)အနက် (၄.၀၄)ရာခိုင်နှုန်းကသာ ဂလေဇာမိသားစုကို ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Daily Mail သည် လက်ရှိအသင်းပိုင်ရှင်များ၏ ဦးဆောင်မှုအပေါ် နှစ်သက်သဘောကျသလားဟု မေးမြန်းခဲ့ခြင်းဖြစ်ပြီး ပရိသတ်များက မိမိအသင်းအလိုက် သဘောထားအမြင်ကို မဲပေးခဲ့ရခြင်းဖြစ်သည်။
ပရိသတ်များ၏ ထောက်ခံမဲအများဆုံး ရရှိခဲ့သည်မှာ ဘရန့်ဖို့ဒ်အသင်းပိုင်ရှင် မတ်ဘန်ဟမ်းဖြစ်ပြီး ပရိသတ် (၉၈.၇၇%)က ထောက်ခံခဲ့ကြခြင်းဖြစ်သည်။
မတ်ဘန်ဟမ်းသည် ဘရန့်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ်သို့ ပထမဆုံးအကြိမ် တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ပရိသတ်များ၏ နှစ်သက်မှုအရှိဆုံး အသင်းပိုင်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့အတူ လိဒ်စ်အသင်းကို ပရီးမီးယားလိဂ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သော အသင်းပိုင်ရှင် ရာဒရစ်ဇာနီကလည်း ထောက်ခံမဲ ဒုတိယအများဆုံးရရှိခဲ့သည်။
သို့သော် မန်စီးတီးကို ပရီးမီးယားလိဂ်၏ အင်အားအကြီးဆုံးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့သည့် ပိုင်ရှင် ရှိတ်မန်ဆော်မှာမူ ပရိသတ်ထောက်ခံမဲ (၉၀. ၅၂%) ဖြင့် အဆင့်(၉)နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းထဲ၌ ထောက်ခံမဲအများဆုံးရရှိခဲ့သူမှာ ချယ်လ်ဆီးအသင်းကို ရောင်းချရတော့မည့် အေဘရာမိုဗစ်ချ်ဖြစ်ပြီး (၉၂.၅၄%)ရရှိခဲ့သည်။
မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက ပရိသတ်ထောက်ခံမဲ အနည်းဆုံးဖြစ်ခဲ့သလို၊ အာဆင်နယ်အသင်းပိုင်ရှင် စတန်ကရွန်ကီမှာလည်း ထောက်ခံမဲ (၃၀.၂၇%)ဖြင့် အဆင့် (၁၆)နေရာသာ ရရှိခဲ့သည်။
ထောက်ခံမဲ ဒုတိယအနည်းဆုံးမှာ နယူးကာဆယ်အသင်း၏ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေဖြစ်ပြီး (၁၀.၈၈%)သာ ရရှိခဲ့သည်။
Daily Mail က ပိုင်ရှင်အဖြစ် သက်တမ်း(၁)နှစ်အထက်ရှိသူများကိုသာ ထည့်သွင်းခဲ့သည့်အတွက် နယူးကာဆယ်ပရိသတ်များက မိုက်အက်ရှ်လေကိုသာ မဲပေးခဲ့ရခြင်းဖြစ်သည်။
နယူးကာဆယ်ပရိသတ်များသည် ဆော်ဒီလုပ်ငန်းရှင်များကို ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည့်အတွက် ပိုင်ရှင်သစ်ကိုသာ မဲပေးခွင့်ရခဲ့ပါက ထိပ်ပိုင်း၌ ရပ်တည်နိုင်ဖွယ်ရှိကြောင်းလည်း Daily Mail က သုံးသပ်ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
