မန်ယူအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ကစားသမားဘ၀ တတိယအကြိမ်မြောက် ဖလားလက်မဲ့ရာသီကို ကြုံတွေ့ရတော့မည်ဖြစ်ပြီး ယင်းအတွက် ဆုကြေးပေါင်(၅)သန်းဝန်းကျင် နစ်နာဆုံးရှုံးမည်ဟု သိရသည်။
စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်တွင် ရရှိနေသည့်လစာထက် လျှော့ယူခဲ့ရသည်။
ဂျူဗင်တပ်စ်အသင်းတွင် တစ်ပတ်ပေါင်(၈)သိန်းဝန်းကျင်ရရှိခဲ့ရာမှ မန်ယူအသင်းတွင် တစ်ပတ်ပေါင် (၄)သိန်းခွဲသာ ရရှိကြောင်း သိရသည်။
သို့သော် မန်ယူအသင်းနှင့် ချုပ်ဆိုခဲ့သောစာချုပ်၌ အပိုဆုကြေးရရှိမည့် အချက်အလက်များစွာ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါက ပေါင်(၂.၅)သန်း၊ ပရီးမီးယားလိဂ်ဖလားရရှိခဲ့ပါက ပေါင်(၁.၅)သန်း ရရှိမည်ဖြစ်သလို၊ အခြားပြည်တွင်းဖလားများအတွက်လည်း ဆုကြေးများရရှိမည်ဖြစ်သည်။
သို့ရာတွင် လက်ရှိအချိန်၌ ဖလားလက်မဲ့ရာသီကို ကြုံတွေ့ရန် သေချာနေပြီဖြစ်သောကြောင့် ပေါင်(၅)သန်းဝန်းကျင် နစ်နာတော့မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
