မန်ယူအသင်းသည် နည်းပြသစ်အဖြစ် ခန့်အပ်ထားသူ နည်းပြသစ် ရူဘင်အာမိုရင်မ်အား လာမည့်နှစ်အနည်းငယ်အတွင်း အပြောင်းအရွှေ့ကာလများတွင် ဘတ်ဂျက်အသင့်အတင့်သာ ချထားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မန်ယူအသင်း ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နှင့် INEOS Group သည် ပြီးခဲ့သည့်နှစ်များအတွင်း အပြောင်းအရွှေ့အမှားများ ထပ်မဖြစ်စေလိုတော့သည့်အပြင် နည်းပြသစ်လက်အောက်တွင် အသင်းရှိ ကစားသမားများ ယခုထက်ခြေစွမ်းပိုပြရန် သာ လိုလားလျက်ရှိသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်သုံးရာသီတွင် အခွန်မဆောင်မီ ဘတ်ဂျက်လိုငွေ ပေါင် ၃၁၂ ဒသမ ၉ သန်း ပြထားခဲ့ကြောင်း သိရသည်။ အာမိုရင်မ်၏ အသင်းဟောင်း စပို့တင်းလစ္စဘွန်အသင်းမှ တိုက်စစ်မှူး ယိုကယ်ရက်ဇ်နှင့် တောင်ပံကစားသမား ကန်ဒါတို့ကို လာမည့်နှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူသွားဖွယ် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
နည်းပြသစ် အာမိုရင်မ်သည် နိုဝင်ဘာရက် တနင်္လာနေ့တွင် အသင်းသစ်နှင့်အတူ ပထမဆုံးလေ့ကျင့်မှုအစီအစဉ် စတင်ပြုလုပ်ခဲ့သည်။ အာမိုရင်မ်သည် နိုဝင်ဘာ ၁၁ ရက်တွင် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် လေ့ကျင့်ရေးအစီအစဉ် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်နှင့် ၎င်း၏ နည်းပြအဖွဲ့ဝင်များသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှာပင် အလုပ်လုပ်ကိုင်ခွင့် Work Permit ရရှိခဲ့ပြီ ဖြစ်သည့်အတွက် တနင်္လာနေ့၌ လေ့ကျင့်မှု စတင်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ရေးအစီအစဉ်တွင် အာမိုရင်မ်သည် ယူ-၁၈ အသင်းမှ အင်္ဂလန်နောက်ခံလူ ဂေါ့ဒ်ဝဲလ်ကူကွန်ကီကို ခေါ်ယူလေ့ကျင့်စေခဲ့ကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကူကွန်ကီ(၁၆ နှစ်)သည် အရပ် ၆ ပေ ၅ လက်မရှိသည့် နောက်ခံလူဖြစ်ပြီး အနာဂတ်တွင် တောက်ပလာမည့် ကစားသမားတစ်ဦးအဖြစ် ထင်ကြေးပေးခြင်းခံထားရသူဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
