ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) သည် အများနှင့်သက်ဆိုင်ပြီး ကျယ်ပြန့်သောဥပဒေ ဖြစ်သည့်အတွက် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆွေးနွေးမှုများကို အချိန်ယူ၍ ရလဒ်များကို ထည့်သွင်း စဉ်းစားပြီးမှသာ ပြဋ္ဌာန်းလုပ်ဆောင်သင့်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်သည် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်၍ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အစဉ်တစိုက် ဆောင်ရွက်ပေးနေသည့် အသင်းချုပ်ဖြစ်ပြီး နည်းပညာအဖွဲ့အစည်း မဟုတ်သည့်အတွက် ဆိုင်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ကို စီးပွားရေးရှုထောင့်မှသာ သဘောထား မှတ်ချက်ပြုမည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ဒစ်ဂျစ်တယ် စီးပွားရေးသည် အရှိန်အဟုန်နှင့် ပြောင်းလဲ တိုးတက်နေပြီး မြန်မာနိုင်ငံသည်လည်း ၎င်းတို့နှင့်အမီလိုက်ပါ ပြောင်းလဲရန် အထူးလိုအပ်သည်။ COVID-19 ကာလနှင့် COVID-19 အလွန်ကာလများတွင် ဒစ်ဂျစ်တယ်စီးပွားရေးသည် လုပ်ငန်းများနှင့် သုံးစွဲသူများအတွက် လွန်စွာ အကျိုးပြုနေကြောင်း ပေါ်လွင်ထင်ရှားသည်။
မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးသို့ ကူးပြောင်းနိုင်ရန် အသင်းချုပ်သည် ဒစ်ဂျစ်တယ်စီးပွားရေး ဇောက်ချ လုပ်ကိုင်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေး အောင်မြင်စွာ ပေါ်ပေါက်လာစေရန်အတွက် လွတ်လပ်စွာ တီထွင်ကြံဆ လုပ်ဆောင်နိုင်သော ဝန်းကျင်ကောင်းနှင့် ပံ့ပိုးကူညီသော ဥပဒေများရှိခြင်းသည် အလွန်အရေးကြီးသည်။
ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) ကို လေ့လာရာတွင် လုပ်ငန်း လည်ပတ် လုပ်ကိုင်နိုင်ရန်အတွက် လိုက်နာရမည့် ခက်ခဲသော ထိန်းချုပ်ချက်၊ တောင်းဆိုချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက်များစွာ ပါဝင်နေသည်ကို တွေ့ရှိရသည်။ ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) သည် မရှိမဖြစ်ဥပဒေ ဖြစ်သော်လည်း မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးသို့ ကူးပြောင်းဆဲကာလ ဖြစ်သည့်အလျောက် လုပ်ငန်းများကို ထောက်ပံ့ကူညီသည့် အပြုသဘောဆောင်သော ဥပဒေမျိုးဖြစ်သင့်ပြီး လိုက်နာရန် ခက်ခဲသည့် အချက်များစွာရှိနေပါက တိုးတက်မှုအား ဟန့်တားမှု၊ ရပ်တန့်မှုများ ဖြစ်စေနိုင်သည်။
မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးကို အဓိကမောင်းနှင်မည့်သူများသည် လူငယ်များဖြစ်ပြီး ဆန်းသစ် တီထွင်မှုအား လွတ်လပ်စွာ လုပ်ဆောင်နိုင်အောင် အားပေးရန် အထူးလိုအပ်သည်။ လိုက်နာရန်ခက်ခဲသည့် အချက်များစွာ ရှိနေပါက လူငယ်များ၏ ဆန်းသစ်တီထွင်မှုအတွက် ကြီးမားသော အဟန့်အတားများ ဖြစ်ပေါ်နိုင်သည်။
ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) တွင် ပါဝင်သော လိုအပ်ချက်နှင့် တောင်းဆိုချက်များသည် လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကြီးမားသောစိန်ခေါ်မှု ဖြစ်စေသည်။ ၎င်းတို့သည် နိုင်ငံများစွာတွင် လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများအရ လိုက်နာရမည့် စည်းကမ်းများ ရှိသည်။ ထို့ကြောင့် ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) သည် လက်တွေ့လိုက်နာရန် အလွန်ခက်ခဲပါက လက်ရှိနှင့် ထပ်မံ ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတား ဖြစ်နိုင်သည်။
လက်ရှိ ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) တွင် ပါရှိသည့် လိုက်နာရမည့် အကြောင်းအချက်များသည် လုပ်ငန်းများ လက်တွေ့ လိုက်နာအကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာ ဖြစ်စေနိုင်သည်။ ယင်းဥပဒေ (မူကြမ်း) သည် အများနှင့်သက်ဆိုင်ပြီး ကျယ်ပြန့်သော ဥပဒေဖြစ်သည့်အတွက် ကဏ္ဍပေါင်းစုံမှ ပါဝင် ဆွေးနွေးမှုများကို အချိန်ယူ၍ ရလဒ်များကို ထည့်သွင်းစဉ်းစားပြီးမှသာ ပြဋ္ဌာန်းလုပ်ဆောင်သင့်သည်။
ထို့ပြင် ပြည်တွင်း ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ခြင်း၊ တီထွင် ဆန်းသစ်မှုအား အဟန့်အတား ဖြစ်စေနိုင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် စိန်ခေါ်မှုများရှိနိုင်ခြင်း စသည်တို့ကြောင့် ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) အား ဥပဒေအဖြစ် ဆောလျင်စွာပြဋ္ဌာန်းမည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
