မန္တလေးမြို့ စီးပွားရေးဘဏ်ခွဲ (၁) အနီး ဆန္ဒပြသူများအား ပစ်ခတ်ရိုက်နှက် ဖြိုခွဲခဲ့သည့်ဖြစ်စဉ်မှ ဖမ်းဆီးခံရသူ ၂၀ ဦးကို ကိုယ်တိုင်ခံဝန်ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့ ၈၂ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား စီးပွားရေးဘဏ်ခွဲ (၁) အနီးတွင် ဆန္ဒပြသူများကို လုံခြုံရေးရယူထားသည့် တပ်မတော်သားများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ် ရိုက်နှက်ဖြိုခွဲမှု ပြုလုပ်ခဲ့ရာ သုံးဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၂၀ ဦး ဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။
"ကျွန်မတို့က မြန်မာ့စီးပွားရေးဘဏ် ၁ နဲ့ ၂ နားမှာ ဝန်ထမ်းတွေ CDM လုပ်ဖို့ လှုံ့ဆော်တဲ့ပွဲမှာ ရောက်နေတာပါ။ အဲဒီ့ဖြိုခွဲတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာပါ။ နှစ်ဘက်ပိတ်တဲ့ ပုံစံဆိုတော့လေ အိမ်တွေ အိမ်တွေကို ဝင်ပြေးကြတယ်။ ကျွန်မတို့ပြေးမိတဲ့အိမ်က လူမရှိတော့ ပိတ်မိသွားတယ်။ အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၁၀ ဦးမှာ အသက်မပြည့်သေးတဲ့ ကလေး နှစ်ဦးပါ ပါတယ်။ ဖမ်းပြီး အိုးဘိုအချုပ်ထောင်ကို ခေါ်သွားပြီး တစ်ညအိပ်ခဲ့ရတယ်။ ၁၄၄ ထုတ်တာကို မသိဘဲ ဆူပူတဲ့နား ရောက်နေမိတယ် ဆိုတာရယ်၊ နောက်နောင် ငါးယောက်ထက် ပိုမစုပါဘူးဆိုတဲ့ ခံဝန်ထိုးခဲ့ရပြီး ပြန်လွှတ်ပေးခဲ့ပါတယ်" ဟု ဖမ်းဆီးခံရမှုမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ၂၆ ဘီလမ်းနှင့် ၈၂ လမ်းထောင့်သို့ ရောက်ရှိလာပြီး ဖြိုခွဲပစ်ခတ်ခဲ့ရာ ပြည်သူများက ၂၇ လမ်းဘက် ဆုတ်သွားသော်လည်း လိုက်လံပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရာဘာကျည်ဖြင့် ပစ်ခြင်း၊ လေးဂွဖြင့် ပစ်ခြင်း၊ Gas Gun တို့ဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ဖြိုခွဲမှုအား သတင်းယူနေသည့် မီဒီယာသမားများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ဆဲဆို၍လိုက်လံရိုက်ခြင်း၊ ဖမ်းဆီးခြင်းတို့လည်း ပြုလုပ်ခဲ့ပြီးနောက် ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
