၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တိုင်းနှင့်ပြည်နယ်များတွင် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေး ကုသခဲ့သူပေါင်း ၃၄ သိန်းကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသော World Diabetes Day (2020) တွင် ဖော်ပြထားချက်အရ သိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်မြို့နယ်များတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသပေးခြင်း လုပ်ငန်းအခြေအနေ (၂၀၁၉-၂၀၂၀ ဇွန်လအထိ) အရ ဆီးချို သွေးချိုရောဂါ ရှိမရှိ စမ်းသပ်ပေးခဲ့သူပေါင်း ၂၄၉၄၉၄၉ ဦးအနက် ဆီးချိုသွေးချိုရောဂါအဖြစ် ကုသပေးခဲ့သူ လူနာပေါင်း ၃၀၆၁၁၉ ဦး၊ သွေးတိုးရောဂါရှိမရှိ စမ်းသပ်ပေးခဲ့သော သူပေါင်း ၂၄၉၄၉၄၉ ဦးအနက် သွေးတိုးရောဂါအဖြစ် ကုသပေးခဲ့သော လူနာပေါင်း ၆၅၁၉၄၁ ဦးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူများ၏ ၃၆ ရာခိုင်နှုန်းတွင် ဆီးချိုသွေးချိုရောဂါ၊ ရာခိုင်နှုန်း ၃၀ ခန့်တွင် သွေးတိုးရောဂါရှိပြီး ရောဂါနှစ်မျိုးလုံး ဖြစ်ပွားနေသူမှာ ၁၉ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကြိုးပမ်းအားထုတ် ဆောင်ရွက်နေသကဲ့သို့ အခြားသော ကျန်းမာရေး ပြဿနာများ၊ ရောဂါများ ကာကွယ်ထိန်းချုပ် ကုသခြင်း လုပ်ငန်းများကိုလည်း လစ်ဟာမှု မရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အချက်အလက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူပေါင်း ၄၆၃ သန်းကျော်ရှိနေပြီး နှစ်စဉ် ရောဂါနှင့် ဆက်စပ်သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်း ကျော် ရှိကြောင်း၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော WHO STEPS Survey အစီရင်ခံစာအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အရွယ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိနေပြီး ရောဂါနှင့် ဆက်စပ် သေဆုံးသူပေါင်း ၁၉ ဒ သမ ၇ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယခုအချိန်တွင် ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သော ရောဂါများသည် နေထိုင်မှုပုံစံများ၊ စားသောက်မှုပုံစံများ ပြောင်းလဲမှုကြောင့် ဖြစ်ပွားမှု ပိုမိုများပြားလာလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူများ၏ ၉၄ ရာခိုင်နှုန်းသည် ရောဂါအခံများ ရှိကြောင်း၊ ရောဂါဖြစ်ပွား သေဆုံးသူများ၏ ၃၆ ရာခိုင်နှုန်း၌ ဆီးချိုသွေးချိုရောဂါရှိနေပြီး ရာခိုင်နှုန်း ၃၀ တွင် သွေးတိုးရောဂါရှိကာ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ နှစ်မျိုးလုံး ဖြစ်ပွားနေသူမှာ ၁၉ ရာခိုင်နှုန်း ရှိကြောင်းနှင့် COVID-19 ရောဂါသည် ထိုကဲ့သို့ ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်ကာ အသက်အန္တရာယ်လည်း ထိခိုက်နိုင်ကြောင်း သိရသည်။
COVID-19 ကုသရေးဌာနများတွင် ရောက်ရှိနေသည့် ရောဂါအခံရှိသူများနှင့် အခြားရောဂါအခံ မရှိသူများ ကွဲပြားစေရန် အမှတ်အသားပြုလုပ်ကာ ၎င်းတို့၏ ရောဂါအခြေအနေကို အထူးစောင့်ကြပ်ကြည့်ရှု ပေးနေကြောင်း သိရသည်။
COVID-19 ကြောင့် သေဆုံးသူများအနက် ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါများကို မထိန်းနိုင်၍ အသက်သေဆုံးမှုများ ရှိနေရာ ဒေသန္တရ ကျန်းမာရေးဌာနများ ဖွင့်လှစ်ထားသည့်အတွက် လိုအပ်သည့် စစ်ဆေးမှုများ သွားရောက်ခံယူရန် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။
“မြန်မာနိုင်ငံမှာ အခုလက်ရှိ ဆေးရုံတက် ကုသမှုခံယူနေတဲ့ လူနာတွေထဲက ၈၉ ရာခိုင်နှုန်းဟာ ရောဂါအခံ တစ်ခုရှိတယ် ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ အဲဒီရောဂါတွေက ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုး၊ နှလုံး၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ကျောက်ကပ်၊ ကင်ဆာရောဂါနဲ့ လေဖြတ်ထားသူတွေ ပါတယ်။ တချို့ဆိုရင် ကူးစက်ရောဂါ တစ်ခုဖြစ်တဲ့ တီဘီရောဂါကို ဖြစ်ပွားပြီး ထပ်ပြီး COVID ရောဂါကူးစက်ခံရတဲ့အတွက် ပိုမို ဆိုးရွားသွားတာတွေရှိတယ်။ ဆီးချိုသွေးတိုး ရောဂါရှိတဲ့သူတိုင်းဟာ COVID ရောဂါကူးစက်ခံရလို့ရှိရင် သာမာန် Control ရနေတဲ့ သူတွေက ဒီလောက် သေဆုံးမှုမများဘူး။ နဂိုကတည်းက ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိမယ်။ ဆေးကိုပုံမှန်သောက်သုံးမှု မရှိဘူး။ သောက်သုံးတဲ့ ဆေးဝါးတွေက လွဲနေတယ်။ သေချာကုသမှု မခံယူဘူးဆိုရင် ဒီဆီးချို၊ သွေးချို၊သွေးတိုးလူနာတွေက နဂိုကတည်းက ကျောက်ကပ် ပျက်စီးထားတာ ဖြစ်မယ်။ နှလုံးတွေ နဂိုကတည်းက အားနည်းထားတာ ဖြစ်မယ်။ COVID ဝင်လာတဲ့အခါ အရင် ခန္ဓာကိုယ်က ခုခံအားနဲ့ ခံနိုင်ရည်မရှိတဲ့ အချိန်မှာ သေဆုံးမှု များသွားတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ကျော်ကံကောင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
