မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကိုု မကျင်းပဖြစ်သော်လည်း ဖေဖော်ဝါရီ ၁၆ ရက်က အထက်စက်တော်ရာနှင့် အောက်စက်တော်ရာတို့ကို ရွှေစက်တော်ဘုရား သြဝါဒါစရိယ ဆရာတော်ကြီးများက ဦးဆောင်၍ အစဉ်အလာမပျက် ဖွင့်လှစ်ပေးခဲ့ပြီး နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ဖူးမြော်နိုုင်မည်ဖြစ်ကြောင်း သိရသည်။
စက်တော်ရာနှစ်ဆူကို နှစ်စဉ် တပိုု့တွဲလဆန်း ၅ ရက်နေ့တိုင်း ဖွင့်လှစ်လေ့ရှိပြီး မြန်မာနှစ်ဆန်း တစ်ရက်တွင် ပြန်ပိတ်လေ့ရှိကြောင်း ယခုနှစ် စက်တော်ရာနှစ်ဆူ ဖွင့်ပွဲမတိုင်မီ ပထမရက်က သံဃာတော်များက ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခဲ့ကြောင်း၊ စက်တော်ရာနှစ်ဆူ ဖွင့်လှစ် အပူဇော်ခံသည့် ကာလတွင် မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ ရှိသော်လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ဘုရားပွဲတော်ကို မကျင်းပဖြစ်ခဲ့ဘဲ ယခင်နှစ်က ပွဲတော်ကျင်းပလက်စကိုလည်း အဆိုပါ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ရုတ်တရက် ပိတ်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ တခြားဘုရားတွေလိုပဲ COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ မနက်ဆိုရင် ၆ နာရီမှာ ဖွင့်ပြီးတော့ ညနေ ၆ နာရီမှာ ပြန်ပိတ်ရမှာပါ။ အဲဒီအချိန်တွေမှာပဲ ဖူးခွင့်ရမှာဖြစ်ပြီး ညအိပ်ဖို့ တဲကျောင်းတွေလည်း တည်ဆောက်ထားတာ မရှိပါဘူး။ စျေးဆိုင်တွေလည်း ခင်းကျင်းထားတာ မရှိတဲ့အတွက် ကျွန်တော်တို့က ညအိပ်ခွင့်ပြုလို့ မရပါဘူး။ အခုရက်မှာတော့ နီးစပ်ရာ မြို့နယ်ထဲကလောက်ပဲ ဘုရားဖူးတွေ လာကြပြီး ရပ်ဝေးတွေကတော့ လာရောက်မှု မရှိသေးပါဘူး” ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောကြားသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်သည် မကွေးတိုင်းဒေသကြီးအတွင်း ရက်အရှည်ကြာဆုံး ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးသူများသာမက ကမ္ဘာလှည့် ခရီးသွားအချို့နှင့် အခြားနိုင်ငံများမှ ဗုုဒ္ဓဘာသာဝင်များလည်း လာရောက်လေ့ရှိကြောင်း၊ ပွဲတော်ချိန်တွင် တဲကျောင်း (တည်းခိုဆောင်) ပေါင်း ၅၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်လေ့ရှိကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုများကြောင့် ယခင်နှစ်က ပွဲတော်ကျင်းပလက်စကို ပိတ်ခဲ့ရပြီး ပွဲတော်ကို အမှီပြုသည့် လုပ်ငန်းရှင်များအားလုုံး အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
ရွှေစက်တော်ဘုရား အထက်စက်တော်ရာတွင် ဓာတ်လှေခါးတပ်ဆင်ရန် စီမံချက်ရေးဆွဲပြီး ကုမ္ပဏီတစ်ခုက လေလံအောင်ထားသော်လည်း ဒီဇိုင်းပိုင်း ပြန်လည် ပြင်ဆင်နေသောကြောင့် လုပ်ငန်းများ မစတင်နိုင်သေးကြောင်း၊ ရွှေစက်တော်ဘုရားသို့အဝင် မန်းချောင်းကို ဖြတ်ကူးသည့် လှေတင်တံတားကို သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက် ပြီးစီးခဲ့သောကြောင့် ဆယ့်နှစ်ရာသီ သွားနိုုင်ကြောင်း၊ အောက်စက်တော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် စက်တော်ရာ နှစ်ဆူအား ဖွင့်လှစ်မထားသည့်တိုင် ခြေတော်ရာအား မြင်တွေ့ဖူးမြော်နိုုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
